အိန္ဒိယသမ္မတနိုင်ငံ ကို့လ်ကတ္တားမြို့တွင်ကျင်းပခဲ့သည့် အိန္ဒိယကုန်သည်ကြီးများအသင်း နှစ်ပတ်လည် စုံညီအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဂုဏ်ထူးဆောင် ဧည့်သည်တော်အဖြစ် တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိန္ဒိယသမ္မတနိုင်ငံ ကို့လ်ကတ္တားမြို့တွင်ကျင်းပခဲ့သည့် အိန္ဒိယကုန်သည်ကြီးများအသင်း နှစ်ပတ်လည် စုံညီအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဂုဏ်ထူးဆောင် ဧည့်သည်တော်အဖြစ် တက်ရောက်

 


နေပြည်တော် နိုဝင်ဘာ ၁၄

အိန္ဒိယသမ္မတနိုင်ငံ ကုန်သည်များအသင်း (Indian Chamber of Commerce–ICC) ၏ ဖိတ်ကြားချက်အရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် နိုဝင်ဘာ ၁၁ ရက်က အိန္ဒိယသမ္မတနိုင်ငံ ကို့လ်ကတ္တားမြို့ ITC Sonar Hotel တွင် ကျင်းပပြုလုပ်ခဲ့သည့် “အိန္ဒိယကုန်သည်ကြီးများအသင်း နှစ်ပတ်လည် စုံညီအစည်းအဝေး” သို့ ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့သည်။


ဖွင့်ပွဲအခမ်းအနားကို ဒေသစံတော်ချိန် ညနေ ၅ နာရီတွင်ကျင်းပရာ စုံညီအစည်းအဝေးသို့ အိန္ဒိယနိုင်ငံ အစိုးရကုန်းလမ်းပို့ဆောင်ရေး၊ အဝေးပြေးလမ်းနှင့် လေကြောင်းပို့ဆောင်ရေး ဝန်ကြီးဌာန ဝန်ကြီးအငြိမ်းစား ဗိုလ်ချုပ်ကြီး Dr.V.K. Singh (Retd.) ၊ ပြည်ပရေးရာနှင့် ပညာရေးဝန်ကြီးဌာနဝန်ကြီး Dr. Rajkumar Ranjan Singh ၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်၊ အိန္ဒိယကုန်သည်ကြီးများအသင်း (Indian Chamber of Commerce – ICC) ဥက္ကဋ္ဌ Mr. Pradeep Sureka ဦးဆောင်သော အိန္ဒိယကုန်သည်ကြီးများ အသင်းမှ တာဝန်ရှိသူများ၊ အိန္ဒိယကုန်သည်များနှင့် ရင်းနှီးမြှုပ်နှံသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။


မြန်မာ-အိန္ဒိယကုန်သွယ်ဆက်ဆံရေး (Special Session on India-Myanmar Trade Relations) ဆွေးနွေးမှုအပိုင်းတွင် ပြည်ထောင်စုဝန်ကြီးက ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် အဖွင့်အမှာစကား ပြောကြားရာတွင် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အခြေအနေများနှင့် ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်မည့် အလားအလာကောင်းများ၊ ကုန်သွယ်မှုပိုမိုတိုးတက်စေရေးအတွက် နှစ်နိုင်ငံ ငွေကြေးများကို သုံးစွဲနိုင်ရေးကိစ္စများ၊ နှစ်နိုင်ငံအကြား ချုပ်ဆိုထားသော ပဲစင်းငုံနှင့် မတ်ပဲရောင်း ဝယ်ရေးစာချုပ်တွင် ပဲတီစိမ်းနှင့် အခြားပဲအမျိုးအစားများပါ ထည့်သွင်းနိုင်ရေး နှစ်နိုင်ငံကုန်စည် ပြပွဲများကျင်းပနိုင်ရေးနှင့် နှစ်ဖက်ကုန်သည်များအကြား ပိုမိုထိတွေ့ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လျက်ရှိသော စီမံကိန်းအခြေအနေများ၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး ပူးတွဲကော်မတီများနှင့် နယ်စပ်ကုန်သွယ်ရေး ပူးတွဲကော်မတီအစရှိသည့် ဆက်သွယ်မှုယန္တရားများ ပိုမိုရင်းနှီးခိုင်မာအောင် တည်ဆောက်ရေးနှင့် နှစ်နိုင်ငံအကြားတွင် နိုင်ငံတကာ၊ ဒေသတွင်းနှင့် နှစ်နိုင်ငံချင်း စသည့် အလွှာအလိုက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင် ရွက်နိုင်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေးမှုများအပေါ် ပြန်လည် ရှင်းလင်းဆွေးနွေးပေးခဲ့သည်။


စုံညီအစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် အိန္ဒိယကုန်သည်ကြီးများအသင်း (Indian Chamber of Commerce – ICC) မှ တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။


ပြည်ထောင်စုဝန်ကြီးသည် သံအမတ်ကြီး ဦးမိုးကျော်အောင်နှင့်အတူ ဒေသစံတော်ချိန် နံနက် ၁၁ နာရီက ကို့လ်ကတ္တားမြို့ JW Marriot Hotel တွင် ကျင်းပသည့် အိန္ဒိယနိုင်ငံ စက်မှုထုတ်ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးကောင်စီ (Engineering Export Promotion Council - EEPC) ၏ ဖိတ်ကြားချက်အရ ကုန်သွယ်မှုဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေနှင့် အလားအလာများ၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်နိုင်ရေး အလားအလာများ၊ ကျပ်နှင့် ရူပီးများကို နှစ်နိုင်ငံကုန်သွယ်မှုတွင် သုံးစွဲနိုင်ရေးနှင့် နှစ်နိုင်ငံကုန်သည်များအနေဖြင့် Asian Clearing Union (ACU) ငွေပေးချေမှုယန္တရားကို အသုံးပြု၍ ကုန်သွယ်မှုဆောင်ရွက်နိုင်ရေးအတွက် နှစ်ဖက်ပူးပေါင်း ဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးပြောကြားကာ တက်ရောက်လာသူများ၏ မေးမြန်းမှုအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။


အဆိုပါဆွေးနွေးပွဲသို့ EEPC India အဖွဲ့အစည်းဥက္ကဋ္ဌ Mr.Arun Kumar Garodia၊ အာဆီယံနိုင်ငံများနှင့် ကုန်သွယ်မှုကော်မတီဥက္ကဋ္ဌ Mr.Tsuhar Shah နှင့် ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Mr. Binod Sadra နှင့်အတူ အသင်းဝင်စီးပွားရေးလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများ တက်ရောက်ခဲ့ကြသည်။


ပြည်ထောင်စုဝန်ကြီးသည် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် ကို့လ်ကတ္တားမြို့ Bangal Club တွင် အိန္ဒိယပို့ကုန်အဖွဲ့ချုပ် (Federation of Indian Export Organization-FIEO) ၏ ဖိတ်ကြားချက်အရ နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်စေရေးအတွက် ကုန်သည်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်စေရေး အလားအလာကောင်းများကို ဆွေးနွေးပြောကြားကာ အိန္ဒိယကုန်သည်လုပ်ငန်းရှင်များ သိရှိလိုသည်များကို ဖြေကြားပေးခဲ့သည်။


အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ FIEO ဥက္ကဋ္ဌ Mr. Yogesh Gupta နှင့်အတူ အဖွဲ့ဝင်များ၊ အိန္ဒိယ ရင်းနှီးမြှုပ်နှံသူများနှင့် ကုန်သည်လုပ်ငန်းရှင်များ တက်ရောက်ကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အိန္ဒိယနိုင်ငံ စားသုံးသူရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ Mr. Vishal Singh နှင့် ကိုလ့်ကတ္တားမြို့ Bangal Clup ဧည့်ခန်းမဆောင်၌ တွေ့ဆုံခဲ့ပြီး မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းများ အထူးသဖြင့် ပဲမျိုးစုံများကို အိန္ဒိယနိုင်ငံမှ ပိုမိုဝယ်ယူပေးနိုင်ရေးအတွက် ဆွေးနွေးခဲ့သည်။


နိုဝင်ဘာ ၁၂ ရက်တွင် ပြည်ထောင်စုဝန်ကြီးသည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့်အတူ အိန္ဒိယနိုင်ငံ ကို့လ်ကတ္တားမြို့အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လိုသော၊ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု ပိုမိုမြှင့်တင်ရန်စိတ်ဝင်စားသော ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများကို ပဏာမ ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် အိန္ဒိယကုန်သည်လုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု ကိစ္စများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။


အဆိုပါအစည်းအဝေးသို့ ကဏ္ဍအသီးသီးမှ စုစုပေါင်းကုမ္ပဏီ ၁၅ ခု ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)