ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် တိုးချဲ့ဓမ္မရင်ပြင်တော်ကြီး၌ (၃၈) ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်းယှဉ်ပြိုင် ရက်ခတ် ဆက်ကပ်ပူဇော်ပွဲ ဖွင့်ပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် တိုးချဲ့ဓမ္မရင်ပြင်တော်ကြီး၌ (၃၈) ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်းယှဉ်ပြိုင် ရက်ခတ် ဆက်ကပ်ပူဇော်ပွဲ ဖွင့်ပွဲပြုလုပ်




MNP ၊ နိုဝင်ဘာ  ၆

ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် တိုးချဲ့ဓမ္မရင်ပြင်တော်ကြီး၌ (၃၈)ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်းယှဉ်ပြိုင် ရက်ခတ် ဆက်ကပ်ပူဇော်ပွဲ ဖွင့်ပွဲကို  ယနေ့ညနေပိုင်းတွင် ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဦးစွာ တက်ရောက်လာကြသူများက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့ဖွင့်လှစ်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် က အဖွင့်အမှာစကားပြောကြားကာ ကျိုက်ဒေးအပ်စေတီတော် အလှည့်ကျသဘာပတိ က စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။


ထို့နောက် ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်တိုးချဲ့ဓမ္မရင်ပြင် တော်ကြီး၌ (၃၈)ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်း ယှဉ်ပြိုင်ရက်ခတ် ဆက်ကပ်ပူဇော် ပွဲဖွင့်ပွဲကို ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်၍ (၃၈)ကြိမ် မြောက် မသိုးရွှေကြာသင်္ကန်းရက်ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)