ရေတာရှည်မြို့နယ်၌ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် လျာထားမဲရုံအရေအတွက်နှင့် မဲရုံတည်နေရာအချက်အလက်များ ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေတာရှည်မြို့နယ်၌ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် လျာထားမဲရုံအရေအတွက်နှင့် မဲရုံတည်နေရာအချက်အလက်များ ညှိနှိုင်းအစည်းအဝေးကျင်းပ



MNP - နိုဝင်ဘာ   ၁


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုများ၌ ဖွင့်လှစ်ထားရှိမည့် လျာထားမဲရုံအရေအတွက်နှင့် မဲရုံတည်နေရာ အချက်အလက်များ ညှိနှိုင်းအစည်းအဝေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်(၁၀)နာရီ အချိန်ကကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ရေတာရှည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားခဲ့ပြီး ခရိုင်ရွေးကောက်ပွဲအရာရှိက မြို့နယ်အတွင်းရပ်ကွက်/ ကျေးရွာအုပ်စုများ၌ ဖွင့်လှစ်ထားရှိမည့် လျာထားမဲရုံများနှင့် မဲရုံတည်နေရာကိစ္စများ ရှင်းလင်းခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက လူဦးရေစာရင်းများမှန်ကန်စေရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရရှိစေရေးအတွက် ၆၆/၆ ရရှိရေး၊ နိုင်ငံသားစီစစ်ရေးကတ်ရရှိရေး ဥပဒေနှင့်အညီ စီစစ်ဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် တက်ရောက်လာကြသော ရပ်ကွက်/ကျေးရွာအုပ်စု တာဝန်ရှိသူများက မိမိတို့ရပ်ကွက်/ ကျေးရွာအုပ်စု များ အတွင်း လျာထားမဲရုံများနှင့် မဲရုံတည်နေရာတို့အား တင်ပြဆွေးနွေးခဲ့ကြရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့သည်။


ယင်းနောက် ရေတာရှည်မြို့နယ်အတွင်း ရပ်ကွက်(၁၇)ကျေးရွာအုပ်စု၊ (၄၈)အုပ်စုတွင် လျာထားမဲရုံ (၁၄၇)ရုံ သတ်မှတ်ခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကိုရုတ်သိမ်းခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)