တောင်တွင်းကြီးမြို့ အ.ထ.က(၄)မိုးထိတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်တွင်းကြီးမြို့ အ.ထ.က(၄)မိုးထိတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ



MNP - နိုဝင်ဘာ  ၁၅


မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ ဓါတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း(မိုးထိ)တွင် ယနေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း(မိုးထိ)မှ ကျောင်းအုပ်ဆရာကြီး ဦးအောင်ကိုလတ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဖြိုးကိုက "လူငယ်နှင့်အားကစား" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဝင်းမေထွန်းက အမျိုးသားနေ့ဖြစ်ပေါ်လာပုံ၊ အမျိုးသားရေးစိတ်ဓါတ်၊ အမျိုးဂုဏ်ဇာတိဂုဏ်အကြောင်းတို့ကိုလည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝေယံမြင့်က‌ ဆောင်းရာသီတွင်အဖြစ်များ‌သော ရောဂါများအကြောင်းကိုလည်း‌ကောင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ဌေးဌေးက စားသုံးသူအခွင့်အရေးနှင့်ကုန်ညွှန်းအမှတ်အသားများအကြောင်း အသီးသီးဆွေးနွေးဟောပြောခဲ့ကြပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနဦးစီးအရာရှိ ဦးအောင်ဖြိုးကိုက အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း(မိုးထိ)ကျောင်းအတွက် အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့သည်။


ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှထုတ်ဝေသည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကပ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ခင်းကျင်းပြသထားသည့် အမျိုးသားနေ့ နံရံကပ်စာစောင်၊ စာပေလေ့လာဖတ်ရှုခြင်းအကျိုးများ၊ ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုအန္တရာယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်သက်သည့် နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားလှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)