စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၂-ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၂-ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနား တက်ရောက်




MNP - နိုဝင်ဘာ   ၂၅


၂၀၂၂-ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာလ ၂၅ ရက်၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမူရေးအသင်းအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မြန်မာနိုင်ငံသည် အမျိုးသမီးများ အား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို ၁၉၉၇ ခုနှစ်တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့်အညီ ၃.၇.၁၉၉၆ ရက်နေ့တွင် အမျိုးသမီးများအရေးကို အဓိကဆောင်ရွက်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီး ကော်မတီ ကို ဖွဲ့စည်းခဲ့ပြီး တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်အဆင့် အမျိုးသမီးကော်မတီများကို အဆင့် ဆင့်ဖွဲ့စည်းကာ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊


နိုင်ငံ့လူဦးရေ တစ်ဝက်ကျော်ရှိသည့် အမျိုးသမီးထုစွမ်းအားကို နိုင်ငံဖွံ့ဖြိုးတိုးတက် မှုရှိစေတဲ့ လုပ်ငန်းတွေမှာ ပါဝင်စေဖို့ လိုအပ်ပါကြောင်း၊ အမျိုးသား၊အမျိုးသမီး တန်းတူ ညီမျှရှိစွာ၊ သာတူညီမျှရှိစွာ လုပ်ငန်းရပ်များကို လုပ်ဆောင်နိုင်စေခြင်းဖြင့် တောင်ပံနှစ်ဖက် ဖြန့်ကာ လေဟုန်တွင်ပျံသန်းနိုင်သည့်ငှက်ငယ်လို စွမ်းအားအပြည့် နိုင်ငံအတွက် အင်အား များ ပိုမိုဖြစ်စေမှာ ဖြစ်ပါကြောင်း၊ ၂၀၂၂ ခုနှစ်အတွက် အမျိုးသမီးများအပေါ် အကြမ်းဖက် မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု၏ ဆောင်ပုဒ်ဖြစ်သည့် “အမျိုးသမီးများအပေါ်   အကြမ်းဖက်မှု  အဆုံးသတ်ရေး အားလုံးပေါင်းစုလှုပ်ရှားပေး” ခေါင်းစဉ်အတိုင်း အမျိုးသမီး များအပေါ် အကြမ်းဖက်နေသည့်  အပြုအမူများကို  အဆုံးသတ်စေရန်အတွက် အားလုံးပေါင်းစု ကာ လှုပ်ရှားဆောင်ရွက်ပေးကြပါစို့လို့ ပြောကြားခဲ့သည်။


ယင်းနောက် တိုင်းဒေသကြီး လူမူဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုအကြောင်းအား ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး လူမူဝန်ထမ်းဦးစီးဌာနရုံးမှ အမျိုးသမီးငယ်များက Brake the Chain သီချင်းဖြင့် ကပြဖျော်ဖြေကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး Video Clip အား ကြည့်ရှုအားပေးခဲ့ကြသည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက် ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ ကြောင်းသိရသည်။ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)