ဇီးကုန်းမြို့နယ်၌ အခြေခံပညာထက်၊လယ်၊မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇီးကုန်းမြို့နယ်၌ အခြေခံပညာထက်၊လယ်၊မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်



MNP - နိုဝင်ဘာ  ၃


ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊  ဇီးကုန်းမြို့နယ်၌ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားစေရန်၊ ထက်မြက်သော ကျောင်းအုပ်ကြီးများ ပေါ်ထွက်လာစေရေးနှင့် စနစ်ကျသော ကျောင်းများဖြစ်ပေါ်စေရေးအတွက် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ဇီးကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ဇီးကုန်း) အစည်းအဝေး ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။


အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး(ကိုယ်စား) ဒုတိယမြို့နယ်ပညာရေးမှူး ဦးရဲထွဋ်ဦးက မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၏ စီမံခန့်ခွဲမှုသည် အရေးပါသည့်အတွက် မိမိတို့၏ စွမ်းဆောင်ရည်ကို တိုးတက်မြင့်မားအောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းနှင့် ပညာရေးကဏ္ဍ တိုးတက်မြင့်မားလာစေရေးကို အလေးထားဆောင်ရွက်ကြစေလိုကြောင်းကို အမှာစကားပြောကြားခဲ့သည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းကျောင်းအုပ်ကြီးများ၊ အလယ်တန်း ကျောင်းအုပ်ကြီးများ၊ မူလတန်းကျောင်းအုပ်ကြီးများ စုစုပေါင်း (၁၀၄)ဦး တက်ရောက်ပြီး ပညာရေးဆိုင်ရာ၊ စီမံခန့်ခွဲမှုဆိုင်ရာနှင့် ဘဏ္ဍာရေးဆိုင်ရာ ဘာသာရပ်များကို နိုဝင်ဘာ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ နှစ်ရက်တာ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - တင့်ဆွေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)