ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တီးတိန်မြို့နှင့် ဖလမ်းမြို့များသို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တီးတိန်မြို့နှင့် ဖလမ်းမြို့များသို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်



MNP - နိုဝင်ဘာ  ၁၆


ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်သည် အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင် ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင် ၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း ၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုး ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့် ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းနှင့် ပြည်နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းက ဟားခါးမြို့မှ တီးတိန်ခရိုင် ၊ တီးတိန်မြို့သို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် ရောက်ရှိကြပြီး နယ်မြေခံတပ်ရင်းခန်းမ၌ ခရိုင် ၊ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ မြို့မိမြို့ဖများ ၊ ဘာသာ ရေးခေါင်းဆောင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်သည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အမှာစကားပြောကြားရာတွင် မိမိတို့ ချင်းပြည်နယ်တွင် ဦးစားပေးဆောင်ရွက်ရမည့် အဓိကလုပ်ငန်းတာဝန်သုံးရပ်ရှိကြောင်း ပထမအချက်သည် အတွေးအခေါ်၊ အယူအဆ၊  ခံယူချက်မှန်ကန်ရန်အရေးကြီးကြောင်း ၊ ဒုတိယအချက်အနေဖြင့် ချင်းပြည်နယ် သည် ဖွံ့ဖြိုးတိုးတက်မှု အားအနည်းဆုံးပြည်နယ်ဖြစ်သည့်အတွက် အသေးစား ၊ အငယ်စား ၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ အားပေးမြှင့်တင်ဆောင်ရွက်ရန်လို ကြောင်း ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာကြံ့ခိုင်ရေးအတွက် ပညာရေး ၊ ကျန်းမာရေး ကဏ္ဍများနှင့် လူမှုစီးပွား ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၊ နိုင်ငံတော်အစိုးရမှ MSME လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိရာ ဝဥစိုက်ပျိုးရေးအပါအဝင် ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်ထုတ်လုပ်နိုင်ရေးနှင့် ထုတ်ကုန်များကို ပြည်ပသို့ တင်ပို့နိုင်ရေးမျှော်မှန်းပြီး ဆောင်ရွက်ရန်လိုကြောင်း ၊ တတိယအချက်အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ လျန်မြန်စွာ အောင်မြင်မှုရရှိနိုင်မည့် စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် သမဝါယမလုပ်ငန်းများတွင် ပိုမိုဦးစားပေး ဆောင်ရွက်ရန် လိုကြောင်းဖြင့် အမှာစာကးပြောကြားသည်။


ဆက်လက်၍ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်က ဒေသ တည်ငြိမ်ရေးချမ်းမှုရှိမှ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အပြည့်အဝ ဆောင်ရွက်နိုင်မည်ဖြစ်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ဒေသခံပြည်သူလူထုအပေါ် စိတ်ရင်းစေတနာမှန်ကန်စွာ  ပူးပေါင်းဆောင်ရွက်ပေး ရန်လိုကြောင်းနှင့် လုံခြုံရေးဆိုင်ရာများကို ပြောကြားသည်။


ထို့နောက် တီးတိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းက တီးတိန်ခရိုင်၏ အုပ်ချုပ်ရေး ၊ စီးပွားရေး ၊ လူမှုရေးဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး မြို့မိမြို့ဖများကိုယ်စား ဦးကမ်လျန်ထန်က ကျန်းမားရေးဆိုင်ရာလိုအပ်ချက်များ ၊ ဌာနဆိုင်ရာရုံးများ တိုးချဲ့ဖွင့်လှစ်ပေး နိုင်ရေးနှင့် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးရရှိရေးတို့နှင့်ပတ်သက်၍လည်းကောင်း ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက  လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။


ယင်းနောက် ပြည်နယ်ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ၊ ညွှန်ကြားရေးမှူး ဦးစိုးမင်းအုန်း ၊ ပြည်နယ် ရးသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ၊ ညွှန်ကြားရေးမှူး ဦးကျော်ဇင်ဦးနှင့် ပြည်နယ်စိုက်ပျိုး ရေးဦးစီးဌာန ၊ ညွှန်ကြားရေးမှူး ဦးအောင်မျိုးဦးတို့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုအခြေ အနေများကို ရှင်းလင်း တင်ပြကြပြီး ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က ဖြည့်စွက်ဆွေးနွေးကြသည်။


ထို့နောက် ခရိုင် ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်များကို ပြည်နယ် ဝန်ကြီးချုပ်က ပေးအပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက လည်းကောင်း ၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးက ပေးအပ်ရာ ခရိုင်ရဲတပ်ဖွဲ့မှူး ကလည်းကောင်း ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ က လည်းကောင်း လက်ခံရယူကြပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးက ခရိုင် ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းများအတွက် အမှတ်တရလက် ဆောင်ပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် တီးတိန်မြို့မှ ဖလမ်းမြို့သို့ တပ်မတော် ရဟတ်ယာဉ်ဖြင့် ရောက်ရှိကြပြီး နယ်မြေခံတပ်ရင်းခန်းမ၌ ခရိုင် ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ မြို့မိမြို့ဖများ ၊ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်သည်။


တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ပြည်သူများ၏ လူမှုစီးပွား ဘဝမြှင့်တင်ပေးနိုင် ရေးအတွက် Knowledge Society ဖြစ်ရန်လိုကြောင်း ၊ မိမိတို့၏ ခံယူချက်များ ပြောင်းလဲရန်လိုကြောင်း ၊ မှန်ကန်သော စိတ်နေသဘောထားရှိရန် အရေးကြီးကြောင်း ၊ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် ပြည်သူကို ဝန်ဆောင်မှုပေးရာတွင် ပြည်သူများ ကျေနပ်အောင် ပျူငှာစွာဆက်ဆံ၍ ဝန်ဆောင်မှုပေးရန်လိုကြောင်း ၊ ချင်းပြည်နယ်တွင် တာဝန်ထမ်းဆောင်နေ စဉ်တွင် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စေတနာထား၍ ဆောင်ရွက်ပေးစေလိုကြောင်းဖြင့် အမှာစကားပြောကြားပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ် ၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်က လုံခြုံရေး ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။


ဆက်လက်၍ ဖလမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက ဖလမ်းခရိုင်၏ အုပ်ချုပ်ရေး ၊ စီးပွားရေး ၊ လူမှုရေးဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး မြို့မိမြို့ဖ ဦးရူလ်ဇမ်းက ကျန်းမာရေးဆိုင်ရာကိစ္စရပ် များနှင့် ဆူရ်ဘုန်လေဆိပ်တွင် လေယာဉ်များ ပျံသန်းအသုံးပြုခွင့် ရရှိနိုင်ရေးတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။


ထို့နောက် ခရိုင် ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်များအား ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ပေးအပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လည်းကောင်း ၊ သယံဇာတ ရေးရာဝန်ကြီး ဦးကျော်ငြိမ်းက ပေးအပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးက လည်းကောင်း၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူးက ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက်ဥဋ္ဌ ကလည်းကောင်း လက်ခံရယူ ကြပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးက ခရိုင် ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်ထမ်း များအတွက် အမှတ်တရလက်ဆောင်ပစ္စည်းများပေး အပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။


ထို့နောက် ဌာနဆိုင်ရာများ ၊ မြို့မိမြို့ဖများ၏ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


ယနေ့ တီးတိန်မြို့နှင့် ဖလမ်းမြို့များတွင် ကျင်းပပြုလုပ်သည့် တွေ့ဆုံပွဲများ၌  ဌာနဆိုင်ရာ အသီးသီးမှ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုနှင့်ပတ်သက်၍ ထုတ်ဝေသည့် အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)