MNP - နိုဝင်ဘာ ၄
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် "ပန်းခင်း" စီမံချက်ဖြင့် မြေပြင်ရှိ လူဦးရေစာရင်း ညှိနှိုင်းခြင်းနှင့် နိုင်ငံသား (မှတ်ပုံတင်) ထုတ်ပေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၉ နာရီ ၄၅ အချိန်က ဆွမ်ပရာဘွမ်နှစ်ခြင်း အသင်းတော်ဒါ့ဆန်းခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ဆွမ်ပရာဘွမ်မြို့၌ "ပန်းခင်း" စီမံချက်ဖြင့် မြေပြင်ရှိလူဦးရေစာရင်း ညှိနှိုင်းခြင်းလုပ်ငန်းနှင့် နိုင်ငံသား ကတ်(မှတ်ပုံတင်) ထုတ်ပေးခြင်းလုပ်ငန်းကို မြို့နယ်လဝကဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှငြိမ်းနှင့် ဝန်ထမ်းအဖွဲ့သည် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်း ကမ်းချက်များနှင့် အညီ လိုက်နာ ဆောင်ရွက်ပြီး ဆွမ်ပရာဘွမ်မြို့ ဝါစပ်ခူးရပ်ကွက်အတွင်း မြေပြင်ရှိ လူဦးရေစာရင်းများအား ညှိနှိုင်း ဆွေးနွေးခဲ့ပြီး နိုင်ငံသားကတ်(မှတ်ပုံတင်) ထုတ်ပေးနိုင်ရန် အသက်ပြည့်ပြီးသူ ၁၄ ဦးအား နိုင်ငံသား (မှတ်ပုံတင်) ထုတ်ပေးမှုလုပ်ငန်း၌ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးဝန်ထမ်းများ ပါဝင်ပူးပေါင်းခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment