တာမွေမြို့နယ်တွင် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများအား ဈေးနှုန်းချိုသာစွာ လိုက်လံရောင်းချပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်တွင် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများအား ဈေးနှုန်းချိုသာစွာ လိုက်လံရောင်းချပေးလျက်ရှိ

 




MNP ၊နိုဝင်ဘာ  ၄

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် သန့်ရှင်းလတ်ဆတ် ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများအား ၎င်းတို့နေထိုင်ရာ ရပ်ကွက်များအတွင်း ဈေးနှုန်းချိုသာစွာ ဝယ်ယူရရှိစားသုံးနိုင်စေရေးအတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူများက  တာမွေမြို့နယ် တာမွေကြီး(ခ)ရပ်ကွက်ရှိ (၁၆၄)လမ်းတွင် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် ဆန်၊ ဆီနှင့် သား/ငါး စားသောက်ကုန်ပစ္စည်းများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဈေးကားများဖြင့်(Mobile Market) ဖွင့်လှစ်၍ ဈေးနှုန်းချိုသာစွာ ဒေသခံပြည်သူများ လက်ဝယ်အရောက် လိုက်လံ ရောင်းချပေးခဲ့ကြသည်။


အဆိုပါ တာမွေမြို့နယ်အတွင်း ( Mobile Market ) ဖွင့်လှစ်၍ ဆန်၊  ဆီနှင့် သား/ငါး စားသောက်ကုန် ပစ္စည်းများအား ဈေးနှုန်းချိုသာစွာဖြင့် လိုက်လံရောင်းချပေးနေမှု အခြေအနေများအား တာမွေမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ ( Mobile Market ) ဖွင့်လှစ်၍ သက်သာသော ဈေးနှုန်းများဖြင့် ဒေသခံပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးရာတွင် ဧည့်မထဆန် (၅)ပြည် တစ်အိတ်ကို ငွေကျပ် (၁၀၀၀၀/-)နှုန်းဖြင့် လည်းကောင်း၊ ပေါ်ဆန်းမွှေး ဆန် (၅)ပြည် တစ်အိတ်ကို ငွေကျပ် (၁၃၈၀၀/-) နှုန်းဖြင့် လည်းကောင်း၊ စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် (၄၄၅၀/-) နှုန်းဖြင့် ဆီပိဿာချိန်(၁၁၀)ကိုလည်းကောင်း၊ ကြက်ဥ(၁)လုံးလျှင် ငွေကျပ် (၁၇၅/-)နှုန်းဖြင့် ကြက်ဥ အလုံးပေါင်း (၂၅၀၀)ကိုလည်းကောင်း၊ ကြက်သား(၁)ပိဿာလျှင် ငွေကျပ် (၈၅၀၀/-)နှုန်းဖြင့် ပိဿာချိန်(၃၀)ကို လည်းကောင်း၊  ဝက်သား (၁)ပိဿာလျှင် ငွေကျပ် (၁၃၀၀၀/-)နှုန်းဖြင့် ပိဿာချိန်(၃၀)ကိုလည်းကောင်း၊ အမဲသား (၁)ပိဿာလျှင် ငွေကျပ် (၁၃၀၀၀/-)နှုန်းဖြင့် (၁၅)ပိဿာကိုလည်းကောင်း၊ ဆိတ်သား(၁)ပိဿာလျှင် ငွေကျပ် (၂၂၀၀၀/-)နှုန်းဖြင့် ပိဿာချိန်(၄၀)ကိုလည်းကောင်း၊ ငါး (၁)ပိဿာလျှင် ငွေကျပ် (၄၅၀၀/-၊ ၅၀၀၀/-၊ ၆၀၀၀/-၊ ၉၀၀၀/-)နှုန်းဖြင့် အသီးသီးရောင်းချပေးခဲ့ရာ မြို့နယ်အတွင်းရှိ ပြည်သူများ တစ်ခဲနက် လာရောက်ဝယ်ယူလျက် ရှိကြောင်း သိရသည်။


" အခုလို ဆန်၊ ဆီ၊ ကြက်ဥတွေနဲ့ သား/ငါး စားသောက်ကုန်ပစ္စည်းတွေကို ဈေးနှုန်းသက်သက်သာသာနဲ့ အိမ်တိုင်ရာရောက် လိုက်လံရောင်းချပေးတာဟာ ကျွန်မတို့ ပြည်သူတွေအတွက် အချိန်ကုန်လည်းသက်သာသလို၊ ငွေကြေးကုန်ကျ စရိတ်လည်း သက်သာပါတယ်။ ဒါ့အပြင် ရောင်းချတဲ့ ပစ္စည်းတွေကလည်း သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သလို အများပြည်သူ လွတ်လပ်စွာ ဝယ်ယူနိုင်အောင် စီစဉ်ပေးတဲ့အတွက်လည်း ကျေးဇူး အထူးပင်တင်ရှိပါတယ်။ နောင်လည်း အခုလို အမြဲတမ်း လာရောက် ရောင်းချပေးစေချင်ပါတယ် " ဟု ဒေသခံ ပြည်သူတစ်ဦးက ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ထက်တံခွန်(တာမွေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)