လပွတ္တာမြို့နယ်တွင် ဆင်းသုခမိုးစပါးစံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လပွတ္တာမြို့နယ်တွင် ဆင်းသုခမိုးစပါးစံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကျင်းပ



MNP - နိုဝင်ဘာ   ၉


ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့ နယ်မိုးစပါးထုတ်လုပ်မှု တိုးတက် မြင့်မားရေး ကြီးကြပ်မှုကော်မတီက ကြီးမှူးကျင်းပသည့် ဆင်းသုခမိုးစပါးစံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ကျောက်မှော်ကျေးရွာအုပ်စုရှိ တောင်သူ ဒေါ်ခင်ရီ၏ လယ်မြေတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ မိုးစပါးရိတ်သိမ်းပွဲသို့ လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင့်မားရေး ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာန ဦးစီးအရာရှိ ဦးဝင်းလွင်နှင့် ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးအောင်နှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။ ထို့နောက်ကွင်းအမှတ် (၅၈၁-က)၊ အောက်ချောင်းကွင်း ဆင်းသုခ စပါးမျိုးကွဲကောင်း ကိုယ်စားပြု တောင်သူ ဒေါ်ခင်ရီ၏ လယ်မြေ ဦးပိုင်အမှတ် (၁၄/၃)၊ ဧရိယာ (၈.၀၀)ဧက အတွင်း စံကွက်အရွယ်အစား (၀ ဒဿမ ၀၀၁) ဧကအား မိုးစပါးစံကွက် ရိတ်သိမ်းခဲ့ရာ တစ်ဧကခြောက်သွေ့ပြီး (၁၁၅ ဒဿမ ၈၆) တင်း ထွက်ရှိခဲ့သည်။ လပွတ္တာမြို့နယ်၏ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါး စိုက်ဧရိယာ (၃၃၇၈၁၀)ဧက စိုက်ပျိုးထားကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)