တွံတေးမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝန်ထမ်းမိသားစုများ စုပေါင်းပြီး ဆွမ်းဆက်ကပ် လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တွံတေးမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝန်ထမ်းမိသားစုများ စုပေါင်းပြီး ဆွမ်းဆက်ကပ် လှူဒါန်း




MNP - နိုဝင်ဘာ   ၆


၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုများစုပေါင်းကာ ယမန်နေ့နံနက် ၅ နာရီ မိနစ် ၃၀ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတော်ဝင်စန္ဒကူးခန်းမတွင်အရုဏ်ဆွမ်းနှင့်လှူဖွယ်များဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။


ထိုသို့လှူဒါန်းရာတွင် ရှေးဦးစွာ တွံတေးမြို့နယ် သံဃမဟာနာယကအဖွဲ့ဉက္ကဋ္ဌဆရာတော်နှင့် သံဃာ(၅)ပါးတို့ထံမှ ဦးစီးဌာနဝန်ထမ်းများနှင့် မိသားစုများက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် တရားတော်များနာယူကြကာ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး အလှူတရားတော်နှင့် အန္တရာယ်ကင်း မေတ္တာပို့တရားတော်နာခြင်း၊ ရေစက်ချတရားတော်နာခြင်းတို့ကို ချီးမြှင့်ဟောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ မြိုနယ်အုပ်ချုပ်ရေးမှူးတို့မှ တရားတော်နာပြီးသည့်အချိန်တွင် ပင့်ဖိတ်ထားသည့် ဆရာတော်သံဃာ တော်များအား ခရိုင်အုပ်ချုပ်‌ရေးမှူးမှ ဦးဆောင်၍ အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပြီး ဖိတ်ကြားထားသည့် ဧည့်သည်တော်များကို မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။


ဆက်လက် နံနက်၇နာရီတွင်တွံတေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်နှင့် ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားသို့ တက်ရောက်လာကြသော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ မြို့ပေါ်ရုံးဝန်ထမ်(၂၆)ဦး၊ ရပ်/ကျေးဝန်ထမ်း(၆၆)ဦး၊ စုစုပေါင်း(၉၂)ဦးတို့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဦးဆောင်၍ ကံစမ်း မဲဖောက်၍ မဲပေါက်သူများအား မြို့နယ်အုပ်ချုပ်ရေးမှူးမှ အမှတ်တရ လက်ဆောင်ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။


သတင်း - တွံတေးသား


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)