မြဝတီမြို့၌ မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြဝတီမြို့၌ မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲကျင်းပ




MNP - နိုဝင်ဘာ ၂၆


၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ အင်္ဂလိပ်စာစွမ်းရည် ပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀နာရီက ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ခန်းမဆောင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မြဝတီမြို့နယ်ပညာရေးမှူးရုံးမှ ပညာရေးမှူး ဦးမြင့်ဦးက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာသင်ကြား၊ သင်ယူမှုအပြင် နိုင်ငံတကာသုံး အင်္ဂလိပ်စာ ဘာသာရပ်အား  အရေး၊ အဖတ်၊ အပြော ကျွမ်းကျင်မှုမှတစ်ဆင့် အခြားဘာသာရပ်များ လေ့လာရာတွင် ကျွမ်းကျင်မှုရှိပြီး  အထောက်အကူပြုနိုင်စေရန်  ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊   အင်္ဂလိပ် စာဘာသာရပ်သည် မိမိလေ့လာလျှင် လေ့လာသလောက် အကျိုးရှိမည်ဖြစ်ကြောင်းနှင့် ယခုမြို့နယ်အဆင့် ယှဉ်ပြိုင်မှုမှသည် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်ထိ တက်လှမ်းနိုင်ရန်  ကြိုးစားစေလိုကြောင်းဖြင့်  အဖွင့်အမှာစကား ပြောကြားပေးသည်။


ဆက်လက်၍ အကဲဖြတ်အမှတ်ပေးဒိုင်များက ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းချက်များကို ရှင်းလင်း ပေးပြီး ပြိုင်ပွဲကိုကျင်းပခဲ့ရာ မြဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၅)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကာ ဆုရရှိသူများသည် ပြည်နယ်အဆင့်ထိ ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)