ငဖဲမြို့နယ်၌ အခြေခံပညာမူလတန်း၊ အလယ်တန်းကျောင်းပေါင်းစုံ အင်္ဂလိပ်စာနှင့်သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငဖဲမြို့နယ်၌ အခြေခံပညာမူလတန်း၊ အလယ်တန်းကျောင်းပေါင်းစုံ အင်္ဂလိပ်စာနှင့်သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲကျင်းပ

 


MNP - နိုဝင်ဘာ  ၁၅


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ မူလတန်းနှင့် အလယ်တန်းဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။


အဆိုပါပြိုင်ပွဲတွင် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်း နှင့်အလယ်တန်းကျောင်းပေါင်း ၈၃ ကျောင်းတို့မှ Grade- 1 မှ Grade-9 အထိ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲဝင်သူ ( ၆၀)ဦး၊ သင်္ချာစွမ်းရည် ပြိုင်ပွဲဝင်သူ(၉၀)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ  (၁၅၀) ဦးပါဝင်ယှဉ်ပြိုင်ကြကြောင်းနှင့် ဖြေဆိုနိုင်သူများကို Grade-1 မှ Grade-9 အထိ အတန်းလိုက် တစ်တန်းလျှင် ကျား၊ မ တစ်ဦးစီ ရွေးချယ်၍ မကွေးတိုင်းဒေသကြီးအဆင့် ဆက်လက်၍ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သတင်း - မယု


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)