ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်)၌ ကောလိပ်ကျောင်းသား/သူ အသစ်များအား ကျန်းမာရေးစစ်ဆေးခြင်းများ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်)၌ ကောလိပ်ကျောင်းသား/သူ အသစ်များအား ကျန်းမာရေးစစ်ဆေးခြင်းများ ပြုလုပ်

 



MNP - နိုဝင်ဘာ   ၁၁


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကျန်းမာရေးစစ်ဆေးပေးခြင်းများနှင့် ကျောင်းကျန်းမာရေး အသိပညာပေးခြင်းကို ယနေ့နံနက် (၉:၀၀) နာရီအချိန် က ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကောလိပ်ကျောင်းသား၊ ကျောင်းသူ အသစ်များအား ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေး စစ်ဆေးဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါဒီဂရီကျောင်းသို့ ကျန်းမာရေးစစ်ဆေးပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးမူယာကျော်နှင့် ဆရာ၊ဆရာမများက ကောလိပ် ကျောင်းသား၊ ကျောင်းသူအသစ် (၃၇၀)ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ၊ Bပိုး၊ Cပိုး ရှိ/မရှိ၊ HIV ရောဂါပိုး ရှိ/မရှိ တို့ကိုစစ်ဆေးပေးခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းမှု စစ်ဆေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် သွားနှင့်ခံတွင်း ကျန်းမာရေး စစ်ဆေးခြင်းတို့အား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း  - အေးမဉ္ဇူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)