စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့်အလုပ်ရုံဆွေးနွေးပွဲ ဒိုက်ဦးမြို့နယ်တွင် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့်အလုပ်ရုံဆွေးနွေးပွဲ ဒိုက်ဦးမြို့နယ်တွင် ကျင်းပ

 


MNP - နိုဝင်ဘာ   ၁


ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြိုနယ်တွင် အခြေခံပညာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများအား စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့် (ဆင့်ပွား) အလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက ဒိုက်ဦးမြို့အမှတ် ၁ အခြေခံပညာအထက် တန်းကျောင်း၊ အောင်ရတနာခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်ဆန်းဦးက အဖွင့်အမှာစကားပြောကြားပြီးနောက် သင်တန်းဖွင့်ပွဲ ပထမပိုင်းအစီအစဉ်ကို ရုပ်သိမ်းခဲ့ပါသည်။


ထို့နောက်ဒုတိယပိုင်းအစီအစဉ်အရ မြို့နယ်ပညာရေးမှူးက ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး၊ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် အလုပ်ရုံဆွေးနွေးပွဲကို‌ ဆက်လက်ကျင်းပပါသည်။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ဒိုက်ဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းကျောင်းအုပ်၊ အလယ်တန်းကျောင်းအုပ်၊ မူလတန်းကျောင်းအုပ်၊ စုစုပေါင်း (၁၇၇) ဦးတို့ တက်ရောက်ခဲ့ပြီး ပညာရေးကဏ္ဍ၊ စီမံခန့်ခွဲမှု၊ ဘဏ္ဍရေးနှင့် စီမံကိန်းကြီးကြပ်အကဲဖြတ်ခြင်း ဘာသာရပ်များကို အောက်တိုဘာ ၃၁ ရက်နေ့မှ နိုဝင်ဘာလ ၁ ရက်နေ့အထိ နှစ်ရက်ကြာ ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)