MNP ၊ နိုဝင်ဘာ ၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ဗုဒ္ဓဂယာ မဇ္ဈိမဒေသ ဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနားကို အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဂယာမြို့၊ မြန်မာဘုန်းတော်ကြီးကျောင်း၌ တန်ဆောင်မုန်းလပြည့်နေ့က ကျင်းပခဲ့ရာ မြန်မာသံရုံး၊ နယူးဒေလီမြို့မှ သံအမတ်ကြီး ဦးမိုးကျော်အောင် ဦးဆောင်၍ သံရုံးဝန်ထမ်းများနှင့် ကော်လ်ကတ္တားမြို့၊ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးမှ ဝန်ထမ်းမိသားစုများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် အိန္ဒိယနိုင်ငံ၌ သီတင်းသုံးနေကြသော မြန်မာဘုန်းတော်ကြီးကျောင်းများမှ ကျောင်းထိုင် ဆရာတော်ကြီးများ၊ သံဃာတော်များ၊ ကိုရင်များနှင့် တက္ကသိုလ်အသီးသီးတွင် ပညာသင်ကြားနေသော သံဃာတော်များအား လှူဖွယ်ဝတ္ထုနှင့် မဟာဘုံကထိန် သင်္ကန်းများ ဆက်ကပ်လှူဒါန်းပြီး နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment