(၁၀၂)နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့(အကြို) နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၁၀၂)နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့(အကြို) နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ




MNP ၊ နိုဝင်ဘာ ၄

သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာ ဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများ၊ အသိပညာပေးဟောပြောပွဲများ ၊ ပြပွဲ ၊ပြိုင်ပွဲများကိုကျင်းပ ပေးလျက်ရှိရာ နိုဝင်ဘာ ၄ ရက်နေ့ နံနက် ၁၁နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)၌ (၁၀၂)နှစ်ပြည့် အမျိုးသား အောင်ပွဲနေ့အကြိုနံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ကျင်းပခဲ့သည်။


အခမ်းအနားတွင် သံတွဲခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပရသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါနံရံကပ်စာစောင်တွင် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံနှင့် အမျိုးသားအောင်ပွဲနေ့ အကြောင်းသိကောင်းစရာများ၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများ၊ လက်ကမ်းစာစောင်များနှင့် သုတ၊ရသစာအုပ် (၃၀၀)ခန့်အားပြသခဲ့ရာ မိခင်ကလေးစောင်ရှောက်ရေး အသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် အမှတ်(၁)၊အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အထက(ခွဲ)မြို့မကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက  စိတ်ပါဝင်စားစွာကြည့်ရှု လေ့လာခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)