MNP ၊ နိုဝင်ဘာ ၂၆
ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်တွင် စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစွာစားသုံးနိုင်ရေးအတွက် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဦးစီးသောပူးပေါင်းအဖွဲ့ဖြင့် ယမန်နေ့ နံနက် ပိုင်းတွင် မုန့်တီဖတ်ထုတ်လုပ်ရောင်းချသည့် စက်ရုံများသို့ ကွင်းဆင်း၍အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ခဲ့သည်။
ထိုသို့ကွင်းဆင်း၍အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ခရိုင်စားသုံးသူရေးရာဦးစီးဌာန မှ ခရိုင်ဦးစီးမှူး ဦးမောင်ကျော်မြင့် ဦးဆောင်သော ပူးပေါင်းအဖွဲ့ဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ကျန်းမားရေးဦးစီးဌာန တို့မှ ဝန်ထမ်းများ ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ဂူတာရပ်ကွက်နှင့်ကိုင်းရှည်ကျေးရွာအတွင်းရှိ မုန့်တီထုတ်လုပ်ဖြန့်ဖြူးလျက်ရှိကြ သည့် စက်ရုံးများသို့သွားရောက်၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေးနှင့်သန့်ရှင်းမှုရှိစေရေးတို့အတွက် အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment