အိမ်မဲမြို့နယ်တွင် (၃၃)ကြိမ်မြောက် စုပေါင်းပဒေသာပင် ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိမ်မဲမြို့နယ်တွင် (၃၃)ကြိမ်မြောက် စုပေါင်းပဒေသာပင် ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

 


MNP - နိုဝင်ဘာ   ၄


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် (၃၃)ကြိမ်မြောက် စုပေါင်းပဒေသာပင် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၅ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အခမ်းအနားကို တက်ရောက်လာသူများက “နမောတဿ” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ဖွင့်လှစ်ခဲ့သည်။ ထို့နောက် အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦးက သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့သည်။


ဆက်လက်ပြီး နိုင်ငံတော်သံဃနာယကအဖွဲ့ဝင်၊ ကွင်းကျောင်းပရိယတ္တိစာသင်တိုက်၏ ပဓာန နာယကဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်းနှင့် သံဃာတော် အရှင်သူမြတ်တို့မှ ပရိတ်တရားတော်များ ချီးမြှင့်ပေးခဲ့သည်။ ယင်းနောက် တက်ရောက်လာသော ဌာနဆိုင်ရာ အကြီးအကဲများက ကြွရောက်လာသော ဆရာတော်သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့သည်။


ထို့နောက် နိုင်ငံတော်သံဃနာယကအဖွဲ့ဝင်၊ ကွင်းကျောင်းပရိယတ္တိစာသင်တိုက်၏ ပဓာန နာယက ဆရာတော်က ငွေပဒေသာပင်နှင့် ဆွမ်းဆက်ကပ်မှု အစုစုတို့အတွက် သာဓုအနုမောဒနာတရား ချီးမြှင့်ပေးပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍  အခမ်းအနားပြီးစီးခဲ့ကြောင်း သိရသည်။


ယခုနှစ် (၃၃)ကြိမ်မြောက် စုပေါင်းဘုံကထိန်နှင့် ပဒေသာပင်ဆက်ကပ်လှူဒါန်းပွဲတွင် ကျောင်းတိုက်ပေါင်း (၅၉)ကျောင်းကို ပဒေသာပင် (၅၉)ခု ပစ္စည်း တန်ဖိုး (၇၁၀၉၀၀၀)ကျပ်၊ ငွေသားတန်ဖိုး (၁၉၇၇၆၀၅၀)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၂၇၅၀၀၀၅၀)ကျပ်ကို ဆက်ကပ် လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ချစ်သက်လယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)