မာန်အောင်မြို့နယ်တွင် မြို့နယ်အဆင့်( ဝ.၁၀ )ဧကအရွယ် မိုးစပါးစံကွက်ရိတ်သိမ်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်တွင် မြို့နယ်အဆင့်( ဝ.၁၀ )ဧကအရွယ် မိုးစပါးစံကွက်ရိတ်သိမ်းကျင်းပ

 


MNP - နိုဝင်ဘာ  ၁၄


မာန်အောင်မြို့နယ်၊ ခအုန်းမော်ကျေးရွာအုပ်စု၊ ခအုန်းမော်ရွာသစ်ကျေးရွာ၌ တောင်သူ ဦးမောင်သိန်း၏ လယ်မြေတွင် ဆင်းသွယ်လတ်မျိုးစပါးအား (Rs to Cs) မျိုးစေ့ထုတ်နည်းပညာများအတိုင်း စိုက်ပျိုး ဆောင်ရွက်ထားသည့် မိုးစပါးစိုက်ခင်းတွင် မြို့နယ်အဆင့်မိုးစပါး (ဝ.၁၀) အရွယ်ကို ရိတ်သိမ်းခြွေလှည့်စက်ဖြင့် စံကွက်ရိတ်သိမ်းပွဲအား ယမန်နေ့က ကျင်းပခဲ့သည်။


အဆိုပါ စံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တောင် သူများစုစုပေါင်း( ၅၀)ဦး တက်ရောက်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌကိုယ်စား မြို့နယ်စီမံအဖွဲ့ဝင် ဗိုလ်မှူးသူရိန်စိုးမှ အဖွင့်အမှာစကား ပြောကြားပြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းစောမှ မိုးစပါးစံကွက်ရိတ်သိမ်းရခြင်း၏ ရည်ရွယ်ချက်အား အကျယ် တဝင့်ရှင်းလင်းကာ တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့်မျိုးစေ့ကိုအလွယ် တကူရရှိပြီး စိုက်ပျိုးလာစေခြင်းဖြင့် အထွက်နှုန်းများထွက်ရှိကာ အရည်အသွေးကောင်းသီးနှံများ ရရှိလာစေရန်အတွက် မိမိတို့ဌာနမှမြို့နယ်အတွင်း မျိုးကောင်းမျိုးသန့်မျိုးစေ့ လွှမ်းခြုံနိုင်ရေးမျှော်မှန်းချက်ဖြင့် စံပြကွက်/ စမ်းသပ်ကွက်များအပြင် နှစ်စဉ်မျိုးစေ့ထုတ်စိုက်ခင်းများကို စဉ်ဆက်မပြတ် အကျိုးဆောင် တောင်သူများနှင့်ပူးပေါင်းကာ အကောင်အထည်ဖော်ကြိုးပမ်းဆောင်ရွက်နေသည်ကိုဆွေးနွေးခဲ့ပြီး တစ်ဧကတွင် အစိုအထွက်(၁၀၀.၀၂)တင်းထွက်ရှိပြီး အခြာက်အထွက်တင်းမှာ (၉၀.၀၁)တင်း ထွက်ရှိခဲ့ပါကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)