ဆီဆိုင်မြို့နယ်အတွင်းရှိ ဘိန်းစိုက်ခင်းများအား သက်ဆိုင်ရာပူးပေါင်းအဖွဲ့မှ စုပေါင်းဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆီဆိုင်မြို့နယ်အတွင်းရှိ ဘိန်းစိုက်ခင်းများအား သက်ဆိုင်ရာပူးပေါင်းအဖွဲ့မှ စုပေါင်းဖျက်ဆီး

 


MNP - နိုဝင်ဘာ   ၁၄


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာအုပ်စု၊ ထီဒေးကျေးရွာ၏ အရှေ့ဘက်(၁)မိုင်ခန့်အကွာ အနီးတဝိုက်ရှိ အမြင့်(၁)ပေခွဲခန့် ဖူးပွင့်ဆဲဘိန်းစိုက်ခင်း(၆)ဧက၊ နားခိုက်ကျေးရွာ၏ အရှေ့တောင်ဘက်(၁)မိုင်ခန့် အကွာ အနီးတဝိုက်ရှိ အမြင့်(၁)ပေခွဲခန့် ဖူးပွင့်ဆဲဘိန်းစိုက်ခင်း(၈)ဧကနှင့် လွယ်ပွတ်ကျေးရွာအုပ်စု၊ ဘန်းနောင်ကားကျေးရွာ၏ အနောက်မြောက်ဘက်(၃)မိုင်ခန့်အကွာ အနီးတဝိုက်ရှိ အမြင့်(၁)ပေခွဲ ခန့်ဖူးပွင့်ဆဲဘိန်းစိုက်ခင်း(၁၄)ဧကတို့အား ယမန်နေ့နံနက် ၉ နာရီ ၂၀ မိနစ်က သက်ဆိုင်ရာပူးပေါင်းအဖွဲ့မှ အဖွဲ့(၂)ဖွဲ့ခွဲ၍ စုပေါင်းဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။


ထိုသို့ဖျက်ဆီးဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မောင်မောင်ကျော်နှင့် ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဝင်းဇော်ဦးတို့ ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များ၊ ခမရ(၄၂၄)၊ ခမရ(၄၂၆)နယ်မြေခံတပ်ရင်းမှ တပ်မတော်သားများ၊ PNO ပြည်သူ့စစ်၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများက ကျေးရွာသားများနှင့်အတူ မြက်ဖြတ်စက်များ၊ ဓါးကောက်များတို့ဖြင့်  ဖူးပွင့်ဆဲဘိန်းစိုက်ခင်း(၂၈)ဧကအား စုပေါင်းဖျက်ဆီး ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။


ဆီဆိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘိန်းစိုက်ရာသီအတွင်း ဘိန်းစိုက်ခင်းများကို နိုဝင်ဘာ ၁၀  ရက်နေ့မှ စတင်ဖျက်စီးခဲ့ရာ နိုဝင်ဘာ ၁၃ ရက်နေ့အထိ စုစုပေါင်းဘိန်းစိုက်ခင်း(၁၂၅)ဧက ဖျက်ဆီးရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။


သတင်း - မျိုးမြတ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)