ချီဖွေခရိုင်/မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်နှင့် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချီဖွေခရိုင်/မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်နှင့် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

 



 MNP - နိုင်ဝင်ဘာ   ၇


ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန်နှင့် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီက တောင်တန်းသာသနာပြု ကျောင်းတွင် ကျင်းပခဲ့သည်။


ရှေးဦးစွာ အခမ်းအနားကို နမောတသ သုံးကြိမ်ရွတ်ဆိုပြီး တောင်တန်းသာသနာပြု ကျောင်းတိုက်ဆရာတော် သဒ္ဓမ္မဇောတိကဓဇ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသေဋ္ဌမှ တရားတော်များ ဟောကြားခြင်းနှင့် ဧည့်ပရိတ်သတ်များမှ ရှစ်ပါးသီလ ခံယူခြင်းပြုလုပ်၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့သည်။


မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်နှင့် ကထိန်သင်္ကန်းဆက်ကပ်လှူခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌမှ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကိုလည်းကောင်း၊ အမှတ်(၁၀၅) ခြေလျင်တပ်ရင်းမှသင်္ကန်းခြင်း ဆက်ကပ်လှူဒါန်းခြင်းကိုလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (ဒုခရိုင်အုပ်ချုပ်ရေးမှူး)မှ သင်္ကန်းခြင်း ဆက်ကပ်လှူဒါန်းခြင်းကိုလည်ကောင်း၊ ခရိုင် လဝကမှူးမှ သင်္ကန်းကပ်လှူခြင်းကိုလည်းကောင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ သင်္ကန်းဆက်ကပ် လှူဒါန်းခြင်းကို လည်းကောင်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူးမှ သင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကိုလည်းကောင်း၊ မြို့နယ်ပညာရေးမှူးမှ သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကိုလည်းကောင်း၊ နယ်စပ်ဒေသဖွံဖြိုးရေးနှင့် တိုင်းရင်းသားလူငယ်များ ဖွံဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် မြို့နယ်လဝကဦးစီးမှူးတို့မှ လှူဖွယ်ဝတ္ထုပစ္စည်းများကိုလည်းကောင်း၊ အလှူ့ဒကာကြီး ဦးတင်မိုးမိသားစုမှ သင်္ကန်းဆက်ကပ် လှူဒါန်းခြင်းကိုလည်းကောင်း ဆက်ကပ်လှူဒါန်း၍ ရေစက်သွန်းချ ကုသိုလ်အမျှပေး ဝေးခြင်းဖြင့် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ကန်တော့၍ ရတနာရွှေမိုး ငွေမိုးများရွာသွန်းပြီး အခမ်းအနားကိုအောင်မြင်စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။


သတင်း - မခမွန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)