ပုသိမ်ကြီးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်ကြီးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲပြုလုပ်

 



MNP - နိုဝင်ဘာ   ၁၂


မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ယနေ့ နံနက်ပိုင်း (၁၀)နာရီအချိန်က ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲတို့ ပြုလုပ်ခဲ့သည်။


ပြပွဲသို့ တက်ရောက်လာသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံး၌ ပြသထား သော ကလေးအလုပ် သမားပပျောက်ရေး အသိပညာပေး နံရံကပ်ဘုတ်ကို လေ့လာ ကြည့်ရှုခဲ့ကြပြီး Community Center တွင် ခင်းကျင်းပြသထားရှိသော သုတ/ရသစာအုပ် စာစောင်များကို လေ့လာကြည့်ရှု ကြသည်။ ထိုနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နှင့် ပတ်သက်သည့် အသိပညာပေးဟောပြောမှု များအား တက်ရောက်ဆွေးနွေးခဲ့ကြသည်။


အဆိုပါ ဆွေးနွေးပွဲနှင့် ပြပွဲများသို့ စာပေချစ်မြတ်နိုးသူများ အသင်းအဖွဲ့ဝင်များနှင့် Book Club အဖွဲ့ဝင် များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)