MNP ၊ နိုဝင်ဘာ ၄
တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ရန်ကုန်တိုင်းဒေသ ကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ပါလီပါလဲ့ကျွန်း၊ ဟိုင်းကြီးကျွန်းအပါအဝင် ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်ရှိ မြို့နယ်၊ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် နယ်လှည့် အထူးကုဆေးအဖွဲ့ များပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) သည် ယနေ့တွင် ကိုကိုးကျွန်းရှိ ဒေသခံပြည်သူ ၁၀၃ ဦးအား ကျန်းမာရေးစောင့် ရှောက်မှု လုပ်ငန်းများ စတင်ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၂ ဦး၊ ခွဲစိတ်ရောဂါ ၆ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၅ ဦး၊ ကလေးရောဂါ ၅ ဦး၊ အရိုးရောဂါ ၁၃ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၆ ဦး၊ မျက်စိရောဂါ ၄၅ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၁၁ ဦး စုစုပေါင်း ၁၀၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment