အုတ်တွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အုတ်တွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲပြုလုပ်




MNP - နိုဝင်ဘာ   ၁၁


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်းနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား ပြည်ထောင်စုစိတ်ဓာတ်ရင့်သန်ပြီး မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်လာစေရန်နှင့် နိုင်ငံတစ်ခု၏လွတ်လပ်ခြင်းသည် အမှုမဲ့ပြုလျှင် လွယ်ကူစွာဆုံးရှုံးသွားနိုင်ပြီး ပြန်လည်ရရှိအောင်ကြိုးပမ်းရာတွင် များစွာခက်ခဲကြောင်း၊ ကြီးမားမြောက်များစွာပေးဆပ်ရသည့်တန်ဖိုးကိုနားလည်ပြီး ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်လိုအပ်ကြောင်း သိရှိစေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက ဟောပြောပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club)အဖွဲ့ဝင်ဦးသန်းမြင့်က အမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းအား ရှင်းလင်းဆွေးနွေးခဲ့သည်။


ဟောပြောပွဲသို့အခြေခံပညာကျောင်းများမှကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များ အပြန်အလှန်မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - ခင်ခင်မာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)