ရေတာရှည်မြို့နယ်တွင် မြို့နယ်အဆင့်လူရည်ချွန်စာမေးပွဲ စစ်ဆေးခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေတာရှည်မြို့နယ်တွင် မြို့နယ်အဆင့်လူရည်ချွန်စာမေးပွဲ စစ်ဆေးခြင်းဆောင်ရွက်

 



MNP - နိဝင်ဘာ  ၂၉


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့ နယ်တွင် အခြေခံပညာဦးစီးဌာန၏ စီမံမှုဖြင့် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက စတင်၍  အခြေခံပညာအထက်တန်းကျောင်း(ရေတာရှည်)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ  လူရည်ချွန်စာမေးပွဲ စစ်ဆေးခြင်းမှာ ကျောင်းသူး/သားများ ထူးချွန်ထက်မြက် လာစေရန်၊ တွေးခေါ်မှုမြင့်မားလာစေရန်၊ ဘက်စုံပညာထူးချွန်သည့် ကျောင်းသား ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။


အဆိုပါ မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေး စစ်ဆေးဆောင်ရွက်ခြင်းအား ရေတာရှည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ Grade - 9 မှ ကျောင်းသား/ကျောင်းသူ (၁၂)ဦး၊ Grade - 10 ကျောင်းသား/ကျောင်းသူ (၁၄)ဦး၊ Grade - 11မှ ကျောင်းသား/ကျောင်းသူ (၁၄)ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ (၄၀)ဦး တို့မှ ထူးချွန်စွာပါဝင် ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)