ချောင်းဆုံမြို့နယ်၌ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောင်းဆုံမြို့နယ်၌ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်



MNP - နိုင်ဝင်ဘာ  ၁၅


မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ သက်ဆိုင်ရာလုပ်ငန်းများ၌ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီ က ချောင်းဆုံ မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးသိန်းဟန် က အဖွင့်အမှာစကားနှင့် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။


အလုပ်ရုံဆွေးနွေးပွဲကို ချောင်းဆုံမြို့နယ်အတွင်းရှိ (အထက်တန်း၊ အလယ်တန်း၊ မူလတန်း) ကျောင်းပေါင်း (၁၁၁)ကျောင်း ကိုယ်ပိုင်ကျောင်း (၁)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၁)ကျောင်းမှ ကျောင်းအုပ်ကြီးများ စုစုပေါင်း(၁၁၃)ဦးတို့က စီမံဘဏ္ဍာဘာသာရပ်နှင့် ဝန်ထမ်းကျင့်ဝတ်တို့ကို မြို့နယ်ပညာရေးမှူး ဦးသိန်းဟန်က ဦးဆောင်ဆွေးနွေးပြီး တက်ရောက်လာကြသည့် ဆရာ/ဆရာမကြီးများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းနှင့် အဆိုပါဆွေးနွေးပွဲကို နိုဝင်ဘာ (၁၅မှ၁၆)ရက်နေ့အထိ (၂)ရက်ကြာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။


 မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)