မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာအုပ်လှူဒါန်းပွဲနှင့် (၇၄)ကြိမ်မြောက်စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာအုပ်လှူဒါန်းပွဲနှင့် (၇၄)ကြိမ်မြောက်စာဖတ်ဝိုင်းကျင်းပ

 



MNP - နိုဝင်ဘာ  ၆


စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ နယ်မြေခံစာရေးဆရာများ၊ Book Club အဖွဲ့ဝင်များနှင့် စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များစုပေါင်း၍ စာအုပ်လှူဒါန်းပွဲနှင့် (၇၄)ကြိမ်မြောက်စာဖတ်ဝိုင်းကို ယမန်နေ့နံနက်(၁၀)နာရီက အဆိုပါခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ  မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးညွန့်စိုးက အဖွင့်အမှာစကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီးဖောင်းဒေးရှင်းမှ တိုင်းဒေသကြီးအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်များသို့ စာအုပ်များပေးအပ်လှူဒါန်း ရာ စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းမှလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးဖောင်ဒေးရှင်းမှ မြို့နယ်စာကြည့်တိုက်ဖောင်ဒေးရှင်းသို့ စာအုပ်များအား မြို့နယ်ဖောင်ဒေးရှင်းဥက္ကဋ္ဌ  ဦးခင်မောင်သန်းမှလည်းကောင်း အသီးသီးလက်ခံရယူခဲ့ကြပြီး စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


ထို့နောက် စာဖတ်ဝိုင်းကိုဆက်လက်ကျင်းပရာ မုံရွာမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းဥက္ကဋ္ဌ စာရေးဆရာ ရွှေရည်စိုးက အဖွင့်အမှာစကားပြောကြားပြီး မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုး ကမုံရွာမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းအနေဖြင့် နှစ်ပတ်လျှင်တစ်ကြိမ် စနေနေ့တိုင်း စာဖတ်ဝိုင်းများကျင်းပပြုလုပ်ခဲ့သည်မှာ (၇၄)ကြိမ်ပြည့်မြောက်ပြီးဖြစ်ပါကြောင်းနှင့် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုခြင်းကြောင့် ကိုယ်တိုင်စဉ်းစားတွေးခေါ်တတ်သော အတွေးအခေါ်အမြော်အမြင်များရရှိစေရန်နှင့် စာပေကောင်းများ ပိုမိုလေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများရရှိစေရန်၊ အပြန်အလှန်ဆွေးနွေးတတ်သော အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို အစဉ်အမြဲဆောင်ရွက် လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ စာရေးဆရာ ဆလိုင်းသန်းဇော်ဝင်းနှင့်အတူ တက်ရောက်လာကြသူများမှ “ချင်းရောင်ခြည် ဗုဒ္ဓမဂ္ဂဇင်းအမှတ်(၃၅)စာအုပ်အား ဦးစွာဆွေးနွေးကြပြီးနောက် သုတ၊ ရသ စာအုပ်စာစောင်များမှ လေ့လာမှတ်သားစရာများနှင့် အတုယူဆောင်ရွက်ရမည့် အသိပညာအတွေးအခေါ်များကိုစုပေါင်း၍ အပြန်ပြန်အလှန်လှန် ဆွေးနွေးခဲ့ကြသည်။


မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအတွက် ပြန်ကြားပေးရန်၊ ပညာပေးရန်နှင့်ဖျော်ဖြေပေးရန်တို့ကို့ အဓိကအလေးထား၍ ယခုလိုစာဖတ်ဝိုင်းများအပြင် ပြပွဲပြိုင်ပွဲများနှင့် အသိပညာပေး Talk Show များကို အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)