မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း မော်လမြိုင်မြို့ကြာအင်းကျေးရွာ၊ ဗညားဒလတန်ဖိုးသင့်အိမ်ရာစီမံကိန်း ဆောင်ရွက်ထားရှိမှုနှင့် သီရိမြိုင်ရပ်ကွက် အငှားအိမ်ရာစီမံကိန်းတည်ဆောက်နေမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း မော်လမြိုင်မြို့ကြာအင်းကျေးရွာ၊ ဗညားဒလတန်ဖိုးသင့်အိမ်ရာစီမံကိန်း ဆောင်ရွက်ထားရှိမှုနှင့် သီရိမြိုင်ရပ်ကွက် အငှားအိမ်ရာစီမံကိန်းတည်ဆောက်နေမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေး


MNP ၊  နိုဝင်ဘာ   ၂                                                        

မွန်ပြည်နယ်တွင် မြို့ပြအင်္ဂါရပ်နှင့်ညီညွတ်မှုရှိစေရေးနှင့် လူနေမှုအဆင့်အတန်းမြင့်မားစေရေးတို့ကို ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ကြာအင်းကျေးရွာရှိ ပြည်နယ်မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့်  ဗညားဒလတန်ဖိုးသင့်အိမ်ရာ စီမံကိန်းအပိုင်း(၁)၊ (၄)ခန်းတွဲ(၄)ထပ် အဆောက်အဦ(၁၆)လုံး အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ရှေးဦးစွာစီမံကိန်းရှင်းလင်းဆောင်တွင် တာဝန်ရှိသူတစ်ဦးက တန်ဖိုးသင့်အိမ်ရာစီမံကိန်းအပိုင်း(၁)ဆိုင်ရာအချက်အလက်များ၊ ဘဏ္ဍာရေးနှစ်အလိုက်တည်ဆောက်ရေးလုပ်ငန်းများ၊ မြို့ပြဆိုင်ရာအခြေခံအဆောက်အအုံလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့မှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံညီစံညွှန်းများနှင့်အညီ အထူးအလေးထား ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ခွင့်ပြုဘဏ္ဍာရန်ပုံငွေကျပ်(၃၉၄)သန်းဖြင့် ဆောင်ရွက်သည့် အငှားအိမ်ရာစီမံကိန်း (၄)ခန်းတွဲ(၄)ထပ်အဆောက်အဦ တည်ဆောက်နေမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။


ခင်စန်းမြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)