ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကျင်းပနိုင်ရေး လုပ်ငန်းညိနှိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကျင်းပနိုင်ရေး လုပ်ငန်းညိနှိုင်းအစည်းအဝေးပြုလုပ်

 



MNP - နိုဝင်ဘာ ၁၄


ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ နိုဝင်ဘာလ ၁၇ ရက်နေ့တွင်ကျရောက်မည့် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်က နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ရမည့်အခြေအနေများ၊ အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲများနှင့် အားကစားပြိုင်ပွဲများကျင်းပနိုင်ရေးအတွက် ကော်မတီများအလိုက်လုပ်ဆောင်ရမည့် တာဝန်များကိုပြောကြားပြီး သက်ဆိုင်ရာဌာနများ အသေးစိတ် ရှင်းလင်းဆွေးနွေးတင်ပြကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ မြို့နယ်အားကစားမှူးက နိုဝင်ဘာလ ၁၇ ရက်နေ့တွင်ကျရောက်မည့် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် အထက်တန်းနှင့် အလယ်တန်းအဆင့် ကျင်းပပြုလုပ်မည့် အားကစားပြိုင်ပွဲများဖြစ်သော ကွမ်းသီးကောက်ပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ် ပြိုင်ပွဲ ၊ အပ်ချည်ထိုးပြိုင်ပွဲ၊ ခြေပူးပြိုင်ပွဲများကိုကျင်းပမည့်အခြေအနေများအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာများ တာဝန်ရှိသူများက ကော်မတီများ၏ကဏ္ဍအလိုက် လုပ်ဆောင်မည့်လုပ်ငန်းတာဝန်များအား အသီးသီးဆွေးနွေး တင်ပြကြရာတင်ပြချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)