ရသေ့တောင်မြို့၊အထက (၁)ကျောင်းတွင်(၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်း အမှတ် (အကြို) အသိပညာပေးဟောပြောကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၊အထက (၁)ကျောင်းတွင်(၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်း အမှတ် (အကြို) အသိပညာပေးဟောပြောကျင်းပ





MNP ၊ နိုဝင်ဘာ ၁၅

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့၊အထက(၁)ကျောင်းတွင်ယနေ့ နံနက်( ၁၁)နာရီအချိန်ကအစည်းအဝေခန်းမ၌(၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် (အကြို) အသိပညာပေးဟောပြောပွဲကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။


 အခမ်းအနားတွင် အထက(၁) ဆရာကြီး ‌ဦးမောင်စံသိန်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့်ကျောင်းစာအပြင်ပြင်ပဗဟုသုတများရရှိစေရန်၊အမျိုးသားရေး စိတ်ဓာတ်ရှင်သန်တက်ကြွစေရန်နှင့် မိမိနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို အစဉ်အမြဲအမှတ်ရရှိစေရန် ရည်ရွယ် ၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ''အမျိုးသားနေ့ဖြစ်ပေါ်လာပုံ''ခေါင်းစဉ်ဖြင့် အမျိုး သားနေ့ဟူသည်ကား ဗြိတိသျှမင်းကြီး မတ်ဟန်းတား၏ University အက်ဉပဒေအရ ဖွင့်လှစ်မည့် ရန်ကုန်တက္ကသိုလ်ကို မြန်မာကောဇာသက္ကရာဇ် ၁၂၈၂ခုနှစ်၊တန်ဆောင်မုန်းလဆုတ်(၁၀)ရက်၊ ခရစ်နှစ် ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၅ ရက် တနင်္ဂနွေနေ့တွင် ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆန်(ယုဒသန်)ကောလိပ် ကျောင်းသားများ ကန့်ကွက်ဆန္ဒပြသည့်နေ့ဖြစ်ကြောင်း၊ ပထမကျောင်း သား သပိတ်စတင်မှောက်သော နေ့ရက်ကို အမျိုးသားရေးအမှတ်တရအဖြစ်' 'အမျိုးသားနေ့''အဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အမျိုးသား နေ့ဖြစ်ပေါ် လာပုံသမိုင်းကို အကျယ်တဝင့်ဆွေးနွေးဟောပြောခဲ့ပြီး‌အသိပညာ‌ပေးဟောပြောပွဲ့သို့‌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၂၀)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)