လှိုင်းဘွဲမြို့နယ် အမှတ် (၃) အခြေခံပညာမူလတန်း (လွန်) ကျောင်း၌ (၁၀၂) နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်းဘွဲမြို့နယ် အမှတ် (၃) အခြေခံပညာမူလတန်း (လွန်) ကျောင်း၌ (၁၀၂) နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကျင်းပ



MNP - နိုင်ဝင်ဘာ   ၁၁


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ အမှတ် (၃) အခြေခံပညာမူလတန်း (လွန်) ကျောင်းတွင် (၁၀၂) နှစ်မြောက်အ မျိုးသားနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲကို လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဒီမွန်ကျော်နှင့်ဝန်ထမ်းများ၊ အမှတ် (၃) အခြေခံပညာ မူလတန်း (လွန်) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်ခိုင်ဝင်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရှိရသည်။


ကျောင်းအုပ်ဆရာမကြီးမှ “နိုဝင်ဘာလ (၁၇) ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားနေ့ထူးနေ့မြတ်သည်  ၁၉၂၀ ပြည့်နှစ် တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့တွင် တက္ကသိုလ် ကျောင်းသားများ နယ်ချဲ့အင်္ဂလိပ်ဗြိတိသျှတို့၏ ကျွန်ပညာရေးစနစ်ကို စတင် သပိတ်မှောက်ရာမှ အမျိုးသားနေ့အဖြစ် သတ်မှတ်ကြပြီး နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ ကောင်းမွန်စွာပညာသင်ကြားနိုင်ရန်အတွက် ရှေးအခါက တက္ကသိုလ်ကျောင်းသားများ၏ စွန့်လွှတ်အနစ်နာခံမှုကို အတုယူရန်လိုအပ် ကြောင်း” ပြောကြားခဲ့သည်။


ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမျိုးသားနေ့ဖြစ်ပေါ် လာပုံသမိုင်းနှင့်ပတ်သက်၍ နံရံကပ် စာစောင်များနှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသပြီး ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။


သတင်း - စောဖိုးခွား


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)