ဂွမြို့နယ်တွင် ၂၀၂၂ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ၊ တစ်ဧကလျှင် တင်း ၁၀၀ ကျော်ထွက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် ၂၀၂၂ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ၊ တစ်ဧကလျှင် တင်း ၁၀၀ ကျော်ထွက်ရှိ







MNP ၊  နိုဝင်ဘာ  ၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ရဟိုင်ကူးတို့ကျေးရွာအုပ်စု၊ ရဟိုင်ကွင်းကျေးရွာရှိ ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာစိုက်ခင်းတွင် ၂၀၂၂ခုနှစ် မိုးစပါးစံကွက် ရိတ်သိမ်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဦးပိုင်(၄၄)၊ ကွင်းအမှတ်(၂၉၇)ရှိ တောင်သူ ဒေါ်နီနီဦး၏လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် သံတွဲခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်မိုးမြင့်က ပြည်သူများစားနပ်ရိက္ခာဖူလုံရေးအတွက် နှစ်စဉ်စီမံကိန်းများချမှတ်ပြီး ဆန်စပါးများ စိုက်ပျိုးထုတ်လုပ်ရခြင်းအကြောင်းကို လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က တောင်သူများအနေဖြင့်  သီးနှံများအထွက်နှုန်းတိုးတက်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပြီး အထောက်အပံ့များအား အကျိုးရှိရှိ အသုံးပြုဆောင်ရွက်နိုင်ရေးကို လည်းကောင်း အဖွင့်အမှာစကားများတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။


ထို့နောက်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ထွန်းလင်းက စံကွက်ရိတ်သိမ်းပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား  ရှင်းလင်းပြောကြားခဲ့ပြီး(ဝ.၁၀)ဧကစံကွက်အား ရိတ်သိမ်းခြင်းနှင့် ဧကအထွက် ချိန်တွယ်ပြသခြင်းများကိုဆောင်ရွက်ခဲ့ရာ မိုးစပါး တစ်ဧကလျှင် စပါးတင်းအစို ၁၁၅ တင်းနှင့် အခြောက်တင်း၁၀၇တင်းထွက်ရှိခဲ့ကြောင်းသိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)