ပေါက်တောမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်း၏ အရင်းမပျက် ထာဝရဆေးပဒေသာပင် (၂၄)နာရီဆေးအရောင်းဆိုင် ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်း၏ အရင်းမပျက် ထာဝရဆေးပဒေသာပင် (၂၄)နာရီဆေးအရောင်းဆိုင် ဖွင့်ပွဲအခမ်းအနားကျင်းပ




MNP ၊  နိုဝင်ဘာ   ၂

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ မြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်း၏ အရင်းမပျက်ထာဝရဆေးပဒေသာပင်  (၂၄)နာရီ ဆေးအရောင်းဆိုင်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီက နာရေးအသင်းရုံးတွင် ကျင်းပပြုလုပ်သည်။


အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ဖွင့်လှစ်ပြီး ကျောက်ဆိပ်ဆရာတော်ကြီးထံမှ ငါးပါးသီလတော်မြတ်ကို ဆောက်တည်ကြပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးရွှေဖော်သူက အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးမောင်လှရွှေက အရင်းမပျက်ဆေးဆိုင်ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ပြောကြားခြင်း၊ အသင်းအတွင်းရေးမှူး ဦးစောလှမောင်က အလှူငွေလက်ခံရရှိခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြသည်။ 

   

ထို့နောက် အခမ်းအနားကို ကျောက်ဆိပ်ဆရာတော်ကြီးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ ပေါက်တောမြို့နယ် သံဃာ့နာယကဆရာတော်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များတက်ရောက်ခဲ့ကြပြီး  ယနေ့အထိ အရင်းမပျက်ထာဝရဆေးပဒေသာပင် (၁)ပင်လျှင် (၁)သိန်းကျပ်နှုန်းဖြင့် ဆေးပဒေသာပင်ပေါင်း (၇၁)ပင်ရရှိပြီးဖြစ်ကြောင်းနှင့် ထပ်မံပါဝင်လှူဒါန်းနိုင်ပါရန် အသိပေးနိုးဆော်လျက်ရှိကြောင်း ပေါက်တောမြို့နယ်လုံးဆိုင်ရာနာရေးကူညီမှုအသင်း၏ အမှုဆောင်ကော်မတီဝင်များထံမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)