ပန်းတောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲပြုလုပ်

 



MNP - နိုဝင်ဘာ  ၁၁


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်  လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယမန်နေ့နေ့လယ်ပိုင်းက (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြိုဟောပြောပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲကို ပြုလုပ်ဆောင်ရွက်ကြောင်း သိရသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက ကျောင်းသား/ကျောင်းသူများစာပေများကိုဖတ်ရှုခြင်းဖြင့် အသိဉာဏ်များတိုးပွားစေခြင်း၊ အတွေးအခေါ်များမှန်ကန်စေပြီး အမှားအမှန်ခွဲခြားတတ်စေသဖြင့် ကျောင်းစာအပြင် စာပေများကို လေ့လာဖတ်ရှုခြင်းဖြင့် ဗဟုသုတများစွာရရှိစေကြောင်း ဟောပြောခဲ့သည်။


ထို့နောက် စာအုပ်စာစောင်များပြသရာတွင်  ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်များအားသိရှိပြီး  လေ့လာဖတ်ရှုနိုင်နှင့် အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍  စာကြည့်တိုက်ရှိ သုတ၊ ရသစာအုပ်၊ စာစောင် ၁၀၀ အုပ်ကိုပြသရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုသည်။


ပန်းတောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြိုင်ပွဲများ၊ ပြပွဲများ၊ ဟောပြောပွဲများ၊ အသိပညာပေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - သင်းသင်းအေး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)