တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို သူနာပြုသင်တန်းကျောင်း(ထားဝယ်)အားကြည့်ရှုစစ်ဆေးပြီး ကျောင်း၏လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို သူနာပြုသင်တန်းကျောင်း(ထားဝယ်)အားကြည့်ရှုစစ်ဆေးပြီး ကျောင်း၏လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေး




MNP - နိုဝင်ဘာ   ၂၉


တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ လူမှုရေးရာဝန်ကြီးဦးယဉ်ထွေးတို့က သူနာပြုသင်တန်းကျောင်း(ထားဝယ်)အားကြည့်ရှု့စစ်ဆေးပြီး ကျောင်း၏လိုအပ်ချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထို့နောက် တိုင်းဒေသကြီးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက သင်တန်းကျောင်းသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့တွင် ဖွင့်လှစ်မည်ဟုသိရှိရသောကြောင့် ကျောင်း၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် လာရောက်ရခြင်းဖြစ်ကြောင်းပြောကြားပြီး ကျောင်းအတွင်းရှိအဆောင်များ၌ နေရာထိုင်ခင်း၊ စားသောက်ခန်း၊ မီးဖိုဆောင်တို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး ကျောင်းသန့်ရှင်းသာယာလှပရေးနှင့် ကျောင်းအုပ်ကြီး၏လိုအပ်ချက်များတင်ပြချက်အပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - ကျော်ကျော်လတ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)