MNP - နိုဝင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ လှေကြီးတတ်ကျေးရွာအုပ်စု၊ လှေကြီးတတ်ကျေးရွာရှိ အဆင့်မြင့်စက္ကူစက်ရုံ(သာပေါင်း)သို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ ယမန်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန် ရောက်ရှိလာပြီး ဧည့်ရိပ်သာခန်းမတွင် စက်ရုံဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။
ထိုသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ အဆင့်မြင့်စက္ကူစက်ရုံ (သာပေါင်း)စက်ရုံဝန်ထမ်းများနှင့် တွေ့ဆုံကြရာ စက်ရုံမှူကြီး ဦးသိန်းဇော်ဦးမှ စက်ရုံဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ သယံဇာတဝန်ကြီး ဦးအုန်းမြင့်၊ စီးပွားရေးရာဝန်ကြီး ဦးတင်အေး၊ လမ်းပန်းရေးရာဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်းနှင့် အဖွဲ့တို့က တန်(၂၀၀)စက်ရုံ၊ တန်(၅၀)စက်ရုံ၊ သတင်းစာစက္ကူစက်ရုံ တန်(၆၀)စက်ရုံတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသွားကြောင်း သိရသည်။
သတင်း - မျိုးဇော်သိန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment