တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို ၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို ၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

MNP - နိုဝင်ဘာ   ၂


၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၃ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက  ၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးမှ ဂုဏ်ပြုယာဉ်နှင့် ပြခန်းများ ပြင်ဆင်ဆောင်ရွက်နိုင်ရန်အတွက် အစည်းအဝေးခေါ်ယူရခြင်းဖြစ်ကြောင်း၊ ဂုဏ်ပြုယာဉ်များတွင် ပြသ ဆောင်ရွက်မှုနှင့်ပတ်သက်၍ တိုင်းဒေသကြီး၏ဂုဏ်သိက္ခာ ကိုပြသနိုင်ရန်အတွက် ဝိုင်းဝန်းပြီး လုပ်ဆောင်ပေးကြရန် လိုအပ်ကြောင်း၊ ပြခန်းများတွင် တိုင်းအတွင်းထင်ရှားသည့် နေရာများl ဒေသထွက်ကုန်များ စုံလင်အောင် ခင်းကျင်းပြသနိုင်ရန်အတွက် အကြံပြုဆွေးနွေးကြစေလိုကြောင်း ဌာနဆိုင်ရာများအနေဖြင့် စိန်ရတုပြည်ထောင်စုနေ့အတွက် ဆောင်ရွက်ခဲ့သည့်အတွေ့ အကြုံရှိပြီး ဖြစ်သောကြောင့်  အခက်အခဲမရှိ လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်းပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာများက ဂုဏ်ပြုယာဉ်များတွင်ပြသထားရှိမည့် တိုင်းဒေသကြီး၏ တန်ခိုးကြီးထင်ရှားသောဘုရားများ၊ ဒေသမှထွက်ရှိသော ရာဘာပင်များနှင့် ပစ္စည်းများ၊ အထင်ကရနေရာများနှင့် ပြခန်းတွင်ပြသရောင်းချမည့် ဒေသထွက်ကုန်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ်တွင် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)