အထက်ပိုင်းရပ်ကွက်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အထက်ပိုင်းရပ်ကွက်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး



MNP - နိုဝင်ဘာ  ၁၂


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက် နှစ်ကျိပ်ရှစ်ဆူ အောင်မင်းခေါင်ဓမ္မာရုံ၌လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယမန်နေ့နံနက် ၉ နာရီတွင် ဒေသခံပြည်သူများဖြင့် တွေ့ဆုံ၍  ဆွေးနွေးခဲ့ကြောင်း သိရသည်။


အဆိုပါဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပြည်သူများနှင့်တွေ့ဆုံဆွေးနွေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦးက အဖွင့်အမှာစကားများ၊ ဌာန၏ရည်မှန်းချက်၊ မီးဘေးအန္တရာယ်အကြောင်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအကြောင်း၊ ပညာရေးကဏ္ဍအနေဖြင့် အချိန်ပိုသင်ကြားနေသည့်အကြောင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်-၂က မြို့နယ်အတွင်းရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးအကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မျိုးက လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအကြောင်း၊ လူကုန်ကူးမှုနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းအကြောင်း၊ မီးသတ်ဦးစီးဌာနမှ ဦးတင်မျိုးလွင်က မီးဘေးလုံခြုံရေးအကြောင်း၊ မီးသတ်ဆေးဗူးသုံးစွဲပုံအကြောင်း၊ မီးငြိမ်းသတ်နည်းအကြောင်း၊ လ.ဝ.ကမှ မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဦးက ပန်းခင်းစီမံချက်(၂)ဖြင့် မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယား အကြောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးဇော်က အမှိုက်အမျိုးအစား (၇)မျိုးအကြောင်း၊ မြို့နယ်သန့်ရှင်းသာယာလှပစေရေး အပတ်စဉ် သန့်ရှင်းရေးဆောင်ရွက်နေသည့်အကြောင်း၊ အခွန်ဦးစီးဌာနမှ အခွန်ကောက်ခံခြင်း၊ အခွန်၊ အခ အကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက်တက်ရောက်လာသူများမှ ရပ်ကွက်ဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များကို တင်ပြကြရာ သက်ဆိုင်ရာတာဝန်ရှိသူများမှ ရှင်းလင်းဖြေကြားခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့၍ တွေ့ဆုံပွဲသို့ အထက်ပိုင်းရပ်ကွက်မှ ပြည်သူ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့သည်။


အိမ်မဲမြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ၂၀၂၂ ခုနှစ် စက်တင်ဘာလမှ စတင်ပြီး ယနေ့အထိ ကျေးရွာအုပ်စု (၇)ခုနှင့် မြို့ပေါ်ရပ်ကွက် (၁)ခုတို့တွင် တွေ့ဆုံပွဲ ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။


သတင်း - ချစ်သက်လယ် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)