စစ်ကိုင်းမြို့နယ်အတွင်း ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းမြို့နယ်အတွင်း ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

 


MNP - နိုဝင်ဘာ   ၆


စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက စစ်ကိုင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ အသင်္ခယာ ခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အလုပ်ရုံဆွေးနွေးပွဲတွင် အခြေခံပညာကျောင်းများ၏ ပင်စင်ကိစ္စရပ်များ၊ ခွင့်ကိစ္စရပ်များ၊ လုပ်သက်ဆက်စပ်ခွင့်ကိစ္စများ၊ အမည်/မွေးသက္ကရာဇ် ပြင်ဆင်ခြင်များ၊ မြေယာနှင့်ဌာနဆိုင်ရာစစ်ဆေးခြင်းများ၊ ရာထူးမှထုတ်ပယ်ခြင်း/ အယူခံဝင်ခြင်း၊ ကျောင်းထွက်လက်မှတ် ပျောက်ဆုံးခြင်း၊ ကျောင်းအဆင့်တိုးမြှင့်ခြင်း၊ ကျောင်းအမည်ပြင်ဆင်ခြင်း၊ ထူးခြားဖြစ်စဉ် (သဘာဝဘေး)များ၊ ဝန်ထမ်းရေးရာကိစ္စရပ်များ၊ တက်မြောက်မှုစစ်ဆေးအကဲဖြတ်ခြင်း၊ ခေါင်းဆောင်နှင့် ခေါင်းဆောင်မှု အခြေအနေများကို ဝိုင်းဝန်းဆွေးနွေးပေးခဲ့ကြသည်။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ စစ်ကိုင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီး (၁၁၃) ဦးနှင့် မြင်းမူမြို့နယ်မှ ကျောင်းအုပ်ကြီး(၂)ဦး၊ မြောင်မြို့နယ်မှ ကျောင်းအုပ်ကြီး(၁) ဦး၊ စုစုပေါင်း (၁၁၆) ဦး တက်ရောက်ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲကို နိုဝင်ဘာ(၅)ရက်မှ(၆)ရက်နေ့ အထိ(၂)ရက်တာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)