အငြိမ်းစားအရာရှိကြီးများအနေဖြင့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအပေါ် တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ဒုဝန်ကြီး ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အငြိမ်းစားအရာရှိကြီးများအနေဖြင့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအပေါ် တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ဒုဝန်ကြီး ပြောကြား


MNP ၊ နိုဝင်ဘာ ၂၈

စက်မှုဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း နိုင်ငံတော်မှ ချီးမြှင့်အပ်နှင်းသည့် စွမ်းဆောင် မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ် ရရှိခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သလ္လာဝတီလမ်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိသည့် စက်မှုဝန်ကြီးဌာနမှ အငြိမ်းစားအရာရှိကြီးများ၊ ဂုဏ်ထူးဆောင် တံဆိပ်ရရှိသည့် ဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။


ဦးစွာဒုတိယဝန်ကြီးက စက်မှုဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူခဲ့သည့် အရာထမ်းကြီးများနှင့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် နိုင်ငံ့ ဝန်ထမ်းများကို နိုင်ငံတော်မှ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ခဲ့သဖြင့် စက်မှုဝန်ကြီးဌာနအနေဖြင့် ထပ်ဆင့်အသိအမှတ်ပြု ဂုဏ်ပြုခြင်းဖြစ်ကြောင်း။


အငြိမ်းစားအရာရှိကြီးများအနေဖြင့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအပေါ် တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဂုဏ်ထူးဆောင်တံဆိပ်ရရှိသည့် ဝန်ထမ်းများအနေဖြင့်လည်း နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အကျိုးရှိသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ယခုထက် ပိုမိုဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။


ဆက်လက်၍ ဒုတိယဝန်ကြီးသည် နိုင်ငံတော်မှ ချီးမြှင့်သည့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိသည့် အငြိမ်းစားအရာရှိကြီးများနှင့် ဂုဏ်ထူးဆောင်တံဆိပ်ရရှိသည့် ဝန်ထမ်းများကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသည့် ပုဂ္ဂိုလ်များကိုယ်စား စီမံထူးချွန်တံဆိပ် (ပထမဆင့်)ရရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


စက်မှုဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားအရာရှိကြီးများနှင့် ဝန်ထမ်းများအနက် နိုင်ငံတော်မှ သီရိပျံချီဘွဲ့နှစ်ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ ငါးဦး၊ သိပ္ပကျော်စွာဘွဲ့တစ်ဦး၊ စီမံထူးချွန်တံဆိပ် (ပထမဆင့်) ရှစ်ဦး၊ လူမှုထူးချွန်တံဆိပ် (ပထမဆင့်) တစ်ဦး၊ စက်မှုစီးပွားထူးချွန်တံဆိပ် (ပထမဆင့်) လေးဦး၊ စီမံထူးချွန်တံဆိပ် (ဒုတိယဆင့်) နှစ်ဦး၊ နည်းပညာထူးချွန်တံဆိပ် (ဒုတိယဆင့်) တစ်ဦးနှင့် စီမံထူးချွန်တံဆိပ် (တတိယဆင့်) ငါးဦး စုစုပေါင်း ၂၉ ဦးတို့ကို အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)