အမ်းမြို့နယ်၌ ယာဉ်မတော်တဆမှု လျော့ နည်းစေရေး၊ ယာဉ် စည်းကမ်း၊လမ်းစည်း ကမ်းနှင့်အညီလိုက်နာ မောင်းနှင်သွားလာနိုင်စေရေးအသိပညာပေးဟောပြောပွဲဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ ယာဉ်မတော်တဆမှု လျော့ နည်းစေရေး၊ ယာဉ် စည်းကမ်း၊လမ်းစည်း ကမ်းနှင့်အညီလိုက်နာ မောင်းနှင်သွားလာနိုင်စေရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်





MNP ၊ နိုဝင်ဘာ ၁၀

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်း  ယာဉ်မတော် တဆမှုများ လျော့ နည်းစေရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်အညီ လိုက်နာမောင်းနှင် သွားလာနိုင်စေရေးအတွက် အသိပညာပေး ဟောပြောခြင်းကို ယမာန်နေ့ ညနေ (၃)နာရီအချိန်က အထက(၁) ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့သည်။


အဆိုပါဟောပြောပွဲတွင် မြို့မရဲစခန်းမှ ဒုရဲမှူး မျိုးကြည်၊ အမ်းယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ ဒုရဲအုပ် သန့်ဇင်ဦး တို့က ဆရာ/ဆရာမများ၊ ကျောင်းသူကျောင်း သားများအား မှုခင်းကျဆင်းရေးအတွက် မော်တော်ကားနှင့် မော်တော်ဆိုင်ကယ်များကို စီးနှင်းသူများ လိုက်နာရန်စည်းကမ်းများ၊ ခြေလျင်သွားလာသူများ လမ်းဖြတ် ကူးသူများအနေဖြင့် လိုက်နာရမည့် ယာဉ်စည်းကမ်း လမ်းစည်း ကမ်းဆိုင်ရာ ယာဉ်အန္တရာယ်ကင်းဝေးစေရေး အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရသည်။


ဟောပြောပွဲသို့ တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား ယာဉ်အန္တရာယ်ကင်းဝေးရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)