မက်မန်းမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ပထမအသုတ် ကျပ်သိန်း(၅၀၀၀)အား စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ကိုင်သူများအား မတည်ရန်ပုံငွေအဖြစ် ထောက်ပံ့ချေးငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မက်မန်းမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ပထမအသုတ် ကျပ်သိန်း(၅၀၀၀)အား စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ကိုင်သူများအား မတည်ရန်ပုံငွေအဖြစ် ထောက်ပံ့ချေးငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပ



MNP - နိုဝင်ဘာ   ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ရတိုင်း၊ မက်မန်းမြို့၌ ပြည်သူများ၏ အကျိုးစီးပွား မြှင့်တင်နိုင်စေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။


ထို့သို့ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်သောင်းက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာမောင်ဝင်းက စီမံကိန်းလုပ်ငန်းပါ စာချုပ်စည်ကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မက်မန်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်သောင်း၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာမောင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဉက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့် အဖွဲ့ဝင်များက နိုင်ငံစီးပွားမြှင့်တင်ရန်ပုံငွေမှ ထောက်ပံ့ချေးငွေများကို ပေးအပ်ကြရာ ရပ်ကွက်/ ကျေးရွာ စီမံကိန်း ကြီးကြပ်မှုကော်မတီမှ နာယကနှင့် အတွင်းရေးမှူးများက ဒေသခံပြည်သူများကိုယ်စား လက်ခံ ရယူခဲ့ကြသည်။


အဆိုပါ နိုင်ငံ့စီးပွားမြှင့်တင်ရန်ပုံငွေကို မက်မန်းမြို့နယ်အတွင်းရှိ မန်ဝိန်းကျေးရွာနှင့် အေးကျန့်ကျေးရွာတို့မှ စိုက်ပျိုးရေးလုပ်ကိုင်လိုသူ (၁၃)ဦးနှင့်၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ(၃၆)ဦး စုစုပေါင်း(၄၉)ဦးတို့ကို အတိုးနှုန်းသက်သာစွာဖြင့် ထောက်ပံ့ချေးငွေ(ပထမအသုတ်) စုစုပေါင်း ကျပ်သိန်း(၅၀၀၀)ကို ဝိုင်းကြီးချုပ်စနစ်ဖြင့်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


သတင်း - စိုင်းရွှေအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)