ချောင်းဆုံမြို့နယ်ကွမ်ရိုက်ကျေးရွာ ကျိုက်တမော့လဲ့စေတီတော်မြတ်ကြီး (၂၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောင်းဆုံမြို့နယ်ကွမ်ရိုက်ကျေးရွာ ကျိုက်တမော့လဲ့စေတီတော်မြတ်ကြီး (၂၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းတက်ရောက်



MNP - နိုဝင်ဘာ   ၇


မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာကျိုက်တမော့လဲ့ စေတီတော်မြတ်ကြီး (၂၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်(၈)နာရီက ကျိုက်တမော့လဲ့စေတီတော်ရင်ပြင်၌ကျင်းပရာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မောင်ငံမြစေတီကျောင်း စာသင်တိုက်ဦးစီးပဓန၊ နာယကဆရာတော် (အဂ္ဂမဟာပဏ္ဍိတ)ဘဒ္ဒန္တဝိဗလဗုဒ္ဓိ အမှူးပြုသော ဆရာတော်သံဃာတော်များ မွန်ပြည်နယ်၊ ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းနှင့်ဇနီး ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ ပြည်နယ်၊ ခရိုင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပြည်သူများတက်ရောက်ကြသည်။


ရှေးဦးစွာ အခမ်းနားကို နမောတဿ (၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့ပြီး မြစေတီကျောင်းတိုက် ဆရာတော်ကြီးထံ ငါးပါးသီလခံယူဆောက်တည်ခဲ့ပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်ထံမှ ရွတ်ပွားသရဇ္ဇျယ်သည့် မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူခဲ့ကြသည်။ ဆက်လက်၍ မြစေတီကျောင်းတိုက်ဦးစီးပဓာနနာယကထံသို့ ကထိန်လျာမြတ်သင်္ကန်းနှင့် ပင့်သံဃာတော်များအာ လှူဖွယ်ပစ္စည်းများကိုပြည်နယ်ဝန်ကြီးချုပ် နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တက်ရောက်လာကြသည့် ဧည့်ပရိတ်သက်များက ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ကထိန်အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။


ထို့နောက် အခမ်းအနားကို ဗုဒ္ဓဿာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းပြီး ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)