မိုင်းယောင်း၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား သင်ကြားပို့ချနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယောင်း၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား သင်ကြားပို့ချနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ




MNP - နိုဝင်ဘာ  ၁၁


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ယမန်နေ့က တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား သင်ကြားပို့ချနိုင်ရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်နန်းမြင့်သိန်းက မိုင်းယောင်းတွင် စာစစ်ဌာန တစ်ခုဖြင့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၁၄၀ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ရိုးရိုးအောင်မြင်သူ ၂၆ ဦး၊ တစ်ဘာသာဂုဏ်ထူးရရှိသူခြောက်ဦး၊ နှစ်ဘာသာဂုဏ်ထူးရရှိသူတစ်ဦးနှင့် သုံးဘာသာဂုဏ်ထူးရရှိသူတစ်ဦး စုစုပေါင်း ၃၄ ဦး အောင်မြင်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၂၄ ဒသမ ၂၉ ရာခိုင်နှုန်းရှိကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်ရန်အတွက် အခြေခံကျသည့်အချက်များမှာ ကျောင်းသား ကျောင်းသူများအနေဖြင့် ဘာသာတွဲရွေးချယ်မှုမှန်ကန်ရန်လိုပါကြောင်း၊ ဆရာဆရာမများ၏ အထူးပြုဘွဲ့နှင့်သင်ကြားပို့ချသည့် ဘာသာရပ်ကိုက်ညီပြီး ဘာသာရပ်အရည်အသွေးပြည့်ဝ၍ သင်ကြားသင်ယူမှုနည်းလမ်းကောင်းမွန်ရန် အဓိကအရေးကြီးပါကြောင်း ဆွေးနွေးခဲ့သည်။


ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက မိဘအုပ်ထိန်းသူပြည်သူများနှင့်ပူးပေါင်း၍ စနစ်တကျ သင်ယူလေ့လာရန်နှင့် ဘာသာရပ်အလိုက် သက်ဆိုင်ရာဆရာဆရာမများနှင့်ပူးပေါင်း၍ သင်ကြားပို့ချခြင်းများ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


သတင်း- စိုင်းအောင်ဇော်လင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)