ဂွ နိုဝင်ဘာလ ၁
ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ရွှေတွင်းတူးကျေးရွာတွင် အောက်တိုဘာလ(၃၁)ရက်နေ့ ည(၁၁)နာရီက တောဆင်ရိုင်း(၆)ကောင် ဝင်ရောက်ဖျက်ဆီးသဖြင့် စပါးခင်းနှင့် လယ်တဲတစ်ခြမ်း ပျက်စီးခဲ့ကြောင်း သိရသည်။
ရွှေတွင်းတူးကျေးရွာ အပိုင် ဒေသအခေါ် ဘေကြီးကွင်း တွင် တောဆင်ရိုင်း(၆)ကောင် ဝင်ရောက်ဖျက်ဆီးသဖြင့် ဦးစံသိန်း(၆၀)နှစ်၏ လယ်စပါးခင်း (၀.၅)ဧကနှင့် ဓနိမိုး၊ ထရံကာ၊ ပျဥ်ခင်း လယ်တဲတစ်ခြမ်း၊ ကာလတန်ဖိုးကျပ်(၁သိန်း ၇သောင်း)ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် အဆိုပါ တောဆင်ရိုင်း(၆)ကောင်အား ဒေသခံများမှ ဝိုင်းဝန်းခြောက်လှန့် မောင်းထုတ်ခဲ့သဖြင့် ယနေ့နံနက်ပိုင်းတွင် လှေတော်တောင်ကြောဘက်သို့ ပြန်လည်ထွက်ခွါသွားကြောင်း သိရသည်။
မိုးစက်
https://t.me/MyanmarNationalPost
No comments:
Post a Comment