ထားဝယ်မြို့တွင်အိမ်ထောင်စုစာရင်း၊ မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း၊ ဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထားဝယ်မြို့တွင်အိမ်ထောင်စုစာရင်း၊ မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း၊ ဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ




MNP - နိုဝင်ဘာ   ၉


အိမ်ထောင်စုစာရင်း၊ မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း၊ ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က  ထားဝယ်မြို့၊      တိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


အစည်းအဝေးတွင် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးယဉ်ထွေးက အိမ်ထောင်စုနှင့်မြေပြင် နေထိုင်မှုလူဦးရေ စာရင်းကိုက်ညီစေရေးအတွက် တိုက်ဆိုင်စစ်ဆေး၍ ပယ်ဖျက်/ပြင်ဆင်/ဖြည့်စွက်ခြင်းများ ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များတင်ပြဆွေးနွေးပေးစေလိုကြောင်း၊ အခက်အခဲများရှိပါက ယခုအစည်းအဝေးတွင်တင်ပြပေးစေလိုကြောင်းပြောကြားသည်။


ထို့နောက် ထားဝယ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသက်ထူးတင်က ဆောင်ရွက်ပြီးစီးခဲ့သည့် အိမ်ထောင်စုစာရင်းနှင့်မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေး ခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထိန်လင်းဦးက ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ မြို့နယ်အလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လူဦးရေနှင့်မဲဆန္ဒရှင်အခြေအနေများအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။


ထို့နောက်တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများက မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်ရေး ဆောင်ရွက်မှုလုပ်ငန်းများနှင့်လုပ်ငန်းများ အောင်မြင်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ လစဉ်စိစစ်ပြုစုထားသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနနှင့် ခရိုင်အတွင်းရှိ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများက ပူးပေါင်းစိစစ်ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် မြို့နယ်အလိုက်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြသည်။  


ဆွေနွေးတင်ပြချက်များအပေါ်တိုင်းဒေသကြီးလူမှုရေးရာ ဝန်ကြီးဦးယဉ်ထွေးက ဖြည့်စွက်ဆွေးနွေးမှာကြားပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)