MNP ၊ နိုဝင်ဘာ ၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့ နေ့လည်ပိုင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် “၂၀၂၁-ခုနှစ်၊ ထုတ်ပြန်ခဲ့သော အမိန့်/ ညွှန်ကြားချက်များ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပ ပြုလုပ်ခဲ့သည်။
ထိုသို့ စာဖတ်ဝိုင်းပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က မိမိတို့ဝန်ထမ်းများအနေဖြင့် ခွင့်ခံစားခြင်းနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် အချက်များအား သိရှိနိုင်စေရန် ယခုလို စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်းကို ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဦးစီးမှူး ဦးခိုင်မိုးမင်းက ခွင့်ခံစားခြင်းနှင့် ပတ်သက်၍ ရှောင်တခင်ခွင့်၊ လုပ်သက်ခွင့်နှင့် ဆေးလက်မှတ်ခွင့် ခံစားခွင့်နှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် အချက်များကို လည်းကောင်း၊ လုပ်သားရုပ်သံ ဒေါ်ခင်မို့မို့ကျော်က မီးဖွားခွင့်နှင့် လစာမဲ့ခွင့် ခံစားခွင့်နှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် အချက်များကိုလည်းကောင်း ဖတ်ကြားဆွေးနွေးခဲ့ရာ ဝန်ထမ်းများ၏ ဖတ်ကြားဆွေးနွေးချက်များအပေါ် ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က ထပ်ဆင့်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment