မာန်အောင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်း၍ဒေသခံပြည်သူများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်း၍ဒေသခံပြည်သူများနှင့်တွေ့ဆုံ

 




MNP ၊ နိုဝင်ဘာ ၂၇

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကဦးဆောင်သည့်စစ်ကြောင်း(၅) ကြောင်းမှ ယနေ့နံနက်ပိုင်းတွင် ကန်းစွန်းကျေးရွာအုပ်စုနှင့်လက်မဲပြင်ကျေးရွာအုပ်စုများသို့သွားရောက်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ဆွေးနွေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌဗိုလ်မှူးသူရိန်စိုးမှနယ်မြေဒေသလုံခြုံရေးကိစ္စရပ်များနှင့်ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းမှု များကိုလည်းကောင်း၊အဖွဲ့ဝင်ဦးကျော်မြမှဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးမှ  ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးကဏ္ဍများတွင် လိုအပ်ချက်များရှိပါက တင်ပြပေးနိုင်ပါကြောင်းပြောကြားရာ ဒေသခံပြည်သူများမှ  လိုအပ်ချက်များကို မေးမြန်းဆွေးနွေး တင်ပြကြပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်  ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)