ကော့မှူး၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၂) ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့မှူး၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၂) ဖွင့်လှစ်

 


MNP - နိုဝင်ဘာ  ၂


အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်၁၀နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် မီးသတ်ဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးထွန်းဇော်မင်းက ယခုမျက်မှောက်ခေတ်ကာလတွင် ရာသီဥတုပြောင်းလဲခြင်း ဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံသာမက ကမ္ဘာနိုင်ငံအသီးသီးမှာလည်း မီးဘေးအန္တရာယ်အပါအဝင် သဘာဝဘေးအန္တရာယ်များ မကြာခဏဖြစ်ပေါ်ကြုံတွေ့နေရကြောင်း၊ ဒီလိုဘေးအန္တရာယ်များကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ရှေ့တန်းကျကျတုံ့ပြန်ရင်ဆိုင်ရမည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များကို မီးသတ်ပစ္စည်းကိရိယာများ၊ ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများကို စနစ်တကျကိုင်တွယ်အသုံးပြုတတ်စေရန် ရည်ရွယ်၍ သင်တန်းများဖွင့်လှစ်‌‌ပေးခြင်းဖြစ်ကြောင်း၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးသတ်ပညာရပ်များနှင့် ကယ်ဆယ်ရေးပညာရပ်များအား ကျွမ်းကျင်တတ်မြောက်စေရန်သင်တန်းမှ ပို့ချပေးမှုများကို ကြိုးစားသင်ယူကြရန်၊ မီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်(၄)ရပ်ဖြစ်သော မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူအကျိုးပြုဆောင်ရွက်ရေးစသည့် ရည်မှန်းချက်တာဝန်များကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် လက်တွဲပြီး အများပြည်သူအတွက် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။ ဆက်လက်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များကို အဖွဲ့ဝင်(၁) ဗိုလ်မှူးထွန်းဇော်မင်းက တူညီဝတ်စုံများ ပေးအပ်ခဲ့သည်။


အဆိုပါအရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းကို သင်တန်းသား (၅၀)ဦးဖြင့် နိုဝင်ဘာ(၁)ရက်နေ့မှ နိုဝင်ဘာ(၂၅)ရက်နေ့အထိ ရက်သတ္တ(၄)ပတ်ကြာ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းတွင် အခြေခံလက်နက်မဲ့စစ်ရေးပြဘာသာရပ်၊ မီးသတ်ပညာဘာသာရပ်၊ ရှာဖွေကယ်ဆယ်ရေးပညာဘာသာရပ်နှင့် ရှေးဦးသူနာပြုစုခြင်း ဘာသာရပ်များကို စာတွေ့လက်တွေသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ကျော်သူရ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)